အပိုင်း(၁၀၅)

431 30 0
                                    

အပိုင်း(၁၀၅)

သူမသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူမ၏စိတ်ထဲမှ စိုးရိမ်မှုများမှာ ပျောက်ကွယ်သွားပြီး မေးခွန်းများက အစားထိုးလိုက်သည်။

"ကျန်းဟန်!"

စူးရှသည့် အော်သံထွက်ပေါ်လာ၏။

"ဘာဖြစ်လို့လဲ? မလှုပ်နဲ့ ကောက်သွားလိမ့်မယ်" ကျန်းဟန်၏ဘယ်လက်သည် ဇီယန်၏မေးစေ့ကို တင်းတင်းကိုင်ထားသည်။

"ရှင်ကိုင်ထားတာ မျက်ခုံးမွှေးဆွဲတံကြီး" ဇီယန်၏မျက်လုံးများသည် ကျန်းဟန်အား ဒေါသများဖြင့် စိုက်ကြည့်နေသည်။

ဒီအရူးကောင်ကတော့ သူငါ့ကို အစမ်းလေ့ကျင့်ဖို့ ခေါ်လာတာပဲ

"အဟမ်း... သိပြီ သိပြီ။ ခဏနေရင် ပြီးပါပြီ တစ်မိနစ်ပဲ" ကျန်းဟန် အနည်းငယ် ရှက်သွားသည်။

သူသည် အလှကုန်များအကြောင်း ဘာမှမသိပေ။ မျက်ခုံးမွှေးဆွဲတံကို နှုတ်ခမ်းနီထင်၍ မှားသုံးနေမိသည်။

၎င်းမှာ မျက်ခုံးမွှေးဆွဲတံဆိုသည်ကို သိလိုက်ပြီးနောက် ဇီယန်၏မျက်ခုံးမွှေးကို ဆွဲရန် အသုံးပြုလိုက်သည်။

ထို့နောက် ဇီယန်သည် သူ့အား ကြမ်းတမ်းစွာ စိုက်ကြည့်ပြီး ဘာမှမပြောတော့ပေ။ မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး စိတ်လျှော့လိုက်သည်။

သို့သော် ဤအပိုင်းကဏ္ဍတွင်တော့ ဇီယန်သည် စိတ်သက်သာရာ ရသွားခဲ့သည်။ သူမ အလွန်စိုးရိမ် စိတ်လှုပ်ရှားနေသဖြင့် အသက်ရှူပင်ကြပ်နေရသည်။

ဟူး...ဇီယန် ဇီယန် နင်အရမ်း ရှက်ဖို့တောင်းတာပဲ...

ဇီယန်သည် စိတ်ထဲမှ သူမကိုယ်သူမ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

"ကောင်းပြီ ကြည့်လိုက်ရအောင်"

မကြာမီပင် တစ်မိနစ်ပြည့်သွားပြီး ကျန်းဟန် ပါးစပ်ဟလိုက်သည်။

ဇီယန်သည် မှန်ထဲမှတဆင့် သူမကိုယ်သူမ ပြန်ကြည့်လိုက်သောအခါ သူမ၏မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ် ဝိုင်းစက်လာသည်။

"ကျန်းဟန်!"

အလွန်စူးရှကာ လူသတ်ချင်စိတ်များပြည့်နှက်နေသည့်အသံသည် စားသောက်ဆိုင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora