အပိုင်း(၁၁၉)

383 27 0
                                    

အပိုင်း(၁၁၉) သီချင်းသစ်၏တုံ့ပြန်မှု

ထိုအချိန်တွင် အဖွဲ့ဝင်တိုင်းမှာ ဆာလောင်မွတ်သိပ်နေသော ဝံပုလွေရိုင်းများကဲ့သို့ လောဘကြီးသည့်မျက်နှာများကို ပြသနေကြသည်။

အရသာရှိသည့် အပိုင်းများကို စားချင်သော်လည်း သူတို့သည် မုန့်မုန့်အား တောင်းဆိုရန် အလွန် ရှက်ရွံ့နေကြသည်။ ထို့ပြင် ကြက်သားစားခွင့်ရရှိခဲ့သည့်အတွက် သူတို့ အလွန်အံ့ဩနေခဲ့ကြသည်။

ကျောက်ဖုန်းနှင့် ဝမ်ချမ်းတို့ဇနီးမောင်နှံမှာ ညစာ စားရန် မလာသဖြင့် ကျန်သူများမှာ သူတို့အတွက် ကြက်သားအများအပြား ရရှိကြသည်။

ကြက်ဥထမင်းကြော်နှင့် ခေါက်ဆွဲပြုတ်တို့မှာ အရောင်းသွက်နေဆဲပင်။ ခေါက်ဆွဲပြုတ်အသစ် ရရှိပြီးနောက်တွင် စားသောက်ဆိုင်၏အဖွဲ့ဝင်အရေအတွက်မှာလည်း တဖြည်းဖြည်းတိုးလာခဲ့၏။ ထိုနေ့များတွင် ကွန်ပြူတာစားပွဲ၏အံဆွဲအတွင်း၌ ပိုက်ဆံများ ပြည့်နေခဲ့သည်။ ထို့ကြောင့် ကျန်းဟန်သည် ကျန်လီအား မုန့်ဖိုးအများအပြားပေးခဲ့သည်။

ည ၈ နာရီခန့်တွင် ဇီယန်နှင့် ကျိုးဖေးတို့ရောက်ရှိလာပြီး ကျန်းဟန်က စားသောက်ဖွယ်ရာများ ပြင်ဆင်ပြီးနေပြီဖြစ်သည်။

"ဝိုး...အနံ့ကမွှေးနေတာပဲ။ အရမ်းမိုက်တယ်။ ခဲအို....အစ်မယန်နဲ့ငါ နေ့လည်ကတည်းက ဘာမှမစားရသေးဘူးဆိုတာ သိလား။ အခု ငါတို့ အရမ်းဗိုက်ဆာနေပြီ"

ကျိုးဖေးသည် ကြက်သားတစ်တုံးကို လျင်မြန်စွာကောက်ယူပြီး ဝါးလိုက်၏။

"မင်းဘာလို့ ဘာမှမစားတာလဲ"

ကျန်းဟန်က ဇီယန်အား စိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

"အဲ့ဒါ အကုန်လုံး ရှင့်ကြောင့်ပဲ"

ဇီယန်က ဒေါသတကြီး စိုက်ကြည့်ရင်း ဟွန့်ကနဲလုပ်လိုက်ပြီး

"ရှင်ချက်ထားတဲ့ ဟင်းတွေက အရသာရှိလွန်းပြီး ကျွန်မကို ဇီဇာကြောင်အောင် လုပ်လိုက်တယ်လေ။ ရှင့်အပြစ်ပဲ...။ကုမ္ပဏီမှာရှိတဲ့ အစားသောက်တွေက မြိုချဖို့‌တောင် ခက်လွန်းတယ်။ ရလဒ်အနေနဲ့ကတော့ ကျွန်မ ဘာမှမစားရသေးဘဲ အခုထိ ဗိုက်ဆာနေရပြီ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora