အပိုင်း(၁၀၂)

427 33 0
                                    

အပိုင်း(၁၀၂)

"မွှေးလိုက်တာ..." ယောက်ျားတစ်ယောက်သည် မနေနိုင်ဘဲ တံတွေးမျိုချရင်း "ခေါက်ဆွဲက တော်တော် အရသာရှိတဲ့ပုံပဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဟုတ်တယ်" ဘေးဆိုင်မှ မန်နေဂျာသည် ခေါင်းကို ခပ်ဖြည်းဖြည်းယမ်းလိုက်ပြီး "သူတို့က ပုံမှန်ဆိုရင် အိ‌န္ဒြေနဲ့စားလေ့ရှိတယ်။ ဒီလိုမျိုး အရူးအမူးစားနေပုံက ဘယ်လောက်အရသာရှိမလဲဆိုတာ ရှင်းပြနေစရာမလိုလောက်အောင် လုံလောက်နေပြီ။ အာ....ကံမကောင်းတာက ငါက အဖွဲ့ဝင်တစ်ယောက်မဟုတ်တာပဲ"

"သူဌေးလုပ်ထားတဲ့ ထမင်းကြော်က အရမ်းအရသာရှိတယ်။ ခေါက်ဆွဲကလည်း သေချာပေါက်ကို အရသာရှိမှာ။ သူတို့ရဲ့ခေါင်းတွေလည်းကြည့်ကြဦး ပန်းကန်ထဲတောင် မြုပ်တော့မယ်" မန်နေဂျာနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် ရှောင်မေ့သည် ပြုံးပြုံးလေးပြောလိုက်သည်။

တစ်ခါတစ်ရံ ပတ်ဝန်းကျင်သည် အခြားသူများကို စိတ်ကိုသက်ရောက်စေနိုင်ပြီး အချို့လူများ ပျော်ပျော်ရွှင်ရွှင်စားသောက်နေသည်ကိုမြင်ပါက ထိုသူ၏အစာစားချင်စိတ်ကိုလည်း သက်ရောက်သွားစေသည်။ ဥပမာအားဖြင့် ပုံမှန်ဆိုလျှင် အစားနည်းနည်းသာ စားလေ့ရှိသူသည် အစားများများစားသူနှင့်အတူ မြိန်ရေယှက်ရေစားနေရပါက ထိုသူသည် သူ၏ပုံမှန်စားလေ့ရှိသည့်ပမာဏထက် အနည်းငယ် ပို၍ စားနိုင်ပေလိမ့်မည်။

ယခုတွင်တော့ အဖွဲ့ဝင်များ၏စားပွဲတွင် ထိုင်နေကြသူအားလုံးသည် ခေါက်ဆွဲပြုတ်ကို အားရပါးရစားနေကြသည်။ အခြားသူများသည် သူတို့၏အားပါးတရစားနေသည့်အသံများ အမူအရာများကြောင့် ခေါက်ဆွဲပြုတ်ကို ချက်ချင်းပင် စားကြည့်ချင်ကြသည်။

သို့သော် သူတို့စားခွင့်မရှိချေ။ အဖွဲ့ဝင်မဟုတ်သည့်အတွက် သူတို့ မစားနိုင်ကြပေ။

လူစုသည် စိတ်ထဲ၌ ခါးသည်းစွာဖြင့်ပင် စိတ်ပြုံးလိုက်မိကြသည်။

မမျှော်လင့်စွာပင် ကျန်းဟန်သည် ခေါက်ဆွဲပြုတ်အမြောက်အများ လုပ်ထားခဲ့ပြီး အဖွဲ့ဝင်မဟုတ်သူများပါ ခေါက်ဆွဲပြုတ် အနည်းငယ်စားခွင့်ပြုရန် ရည်ရွယ်ခဲ့သည်။ ချက်ပြုတ်ပြီးစီးသည့်အခါ ကျန်းဟန်သည် ကျန်းလီကိုခေါ်ပြီး စားသောက်ကြရန် အစားအစာများကို အပေါ်ထပ်သို့ တန်း၍ ယူသွားခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora