အပိုင်း(၁၇၅)

345 22 0
                                    

အပိုင်း(၁၇၅)ဝက်ပေါင်သား၏ဆွဲဆောင်မှု

သူမ မလာခင် ဟိုးယခင်ကတည်းက ကျန်းဟန်၏ဟင်းချက်လက်ရာမည်မျှကောင်းကြောင်း လီအန်နာချီးကျူးနေသည်ကို လော့ချင်းကြားခဲ့ရသည်။ သူမသည် ကျန်းဟန်၏ဟင်းချက်ကျွမ်းကျင်မှုကို မိုးပေါ်ထိရောက်အောင် ချီးကျူးမြှောက်ပြောလေ့ရှိ၏။

သို့သော် ယခုတော့ လော့ချင်းသည် လီအန်နာ၏ချီကျူးစကားများမျာ ချဲ့ကား၍ အပိုပြောနေခြင်းမဟုတ်ကြောင်း နားလည်သွားခဲ့သည်။

ချီမွမ်းစကားပြောရန် စကားလုံးပင်မလုံလောက်ချေ။ ဤသည်မှာ အင်မော်တယ်တို့၏အစားအစာပင်။

"အရမ်းအရမ်းအရသာရှိတယ်"

လော့ချင်း၏မိုးလုံးညံ့နေသည့် ချီးမွမ်းစကားများမှာ နောက်ဆုံးတွင် စကားလုံးလေးတစ်ခွန်းသာဖြစ်သွားသည်။ ဤစကားလေးတစ်ခွန်းကို ရှင်းပြရလျှင် သူမ၏ဘဝတွင် အကောင်းဆုံးဆိုသည့် အစားအစာကို စားနိုင်ခဲ့သည်ဟူ၍ပင်။

စကားပြောနေရင်းဖြင့် သူမသည် နောက်ထပ် ဝက်သားနှပ်တစ်တုံးကို ယူလိုက်၏။

ဝက်သားနှပ်ကို ဝက်၏သုံးထပ်သားဖြင့် ချက်ထားသည်။ အခေါက်၊ အဆီနှင့် အသားတို့မှာ တစ်လွှာချင်းစီ ထပ်နေ၏။ ပါးစပ်ထဲသို့ ထည့်လိုက်သည့်အခါ အသား၏ရနံ့က ခံတွင်းတစ်ခုလုံး ပြည့်သွားသည်။ အဆီပမာဏ မနည်းသော်လည်း ဆီပြန်ခြင်း အီခြင်း လုံးဝမရှိပေ။ အခေါက်သည် အနည်းငယ် ဝါးရန် လို၏။ အသားထဲတွင် ရောနေသည့် အဆီမှာ ချက်ချင်း အရည်ပျော်သွားပြီး အသားကို မွှေးပျံ့ချိုမြိန်စေသည်။

ဤတစ်လုတ်စားရင်းဖြင့် လော့ချင်းသည် အရသာရှိသည့် အစားအသောက်များမှ ရရှိနိုင်သော ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။ ပုံမှန်ဆိုလျှင် သူမသည် အဆီလုံးဝ မစားနိုင်ပေ။ စားမိသည်နှင့် ချက်ချင်းထွေးထုတ်ပစ်၏။ အဆီရွှဲပြီး အီနောက်နောက်ခံစားချက်က သူမအား နေမကောင်းဖြစ်စေသည်။ ဖက်ထုပ်စားသည့်အခါတိုင်း အထဲတွင် အဆီပါနေပါက လုံးဝမစားနိုင်ပေ။

ယခုတွင်တော့ သူမ အကြိုက်ဆုံး နံရိုးနှင့် အသားစစ်စစ်များအစား သုံးထုပ်သားကို ပို၍ အာရုံထားနေခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Tempat cerita menjadi hidup. Temukan sekarang