အပိုင်း(၃၆)

504 44 0
                                    

အခန်း(၃၆) မုန့်မုန့်၏အပန်းဖြေရာစားသောက်ဆိုင်

"ဘာဖြစ်တာလဲ။ နင်ငါ့ကို လန့်အောင်လုပ်နေတာလား" ကျန်းလီသည် လီအန်းနာအား မျက်စောင်းထိုးကြည့်လိုက်သည်။

လီအန်းနာသည် မျက်လုံးများ ပြူးကျယ်နေပြီး ကျန်းလီဆီသို့ပြေးသွားကာ ကျန်းလီ၏ပါးကို အနည်းငယ် ညှစ်ကြည့်လိုက်သည်။

"မြတ်စွာဘုရား၊ နင့်ရဲ့အသားအရေက ဘယ်လောက်တောင် ‌ကောင်းလာတာလဲ။ မျက်နှာဘယ်ဘက်မှာရှိတဲ့ မှဲ့ခြောက်တွေလည်း ပျောက်သွားတယ်။ ဘာဖြစ်တာလဲ။ အိမ်သာတက်ပြီးတာနဲ့ ဒီလိုဖြစ်သွားတာလား" လီအန်းနာသည် အံအားသင့်နေသည့် အကြည့်ဖြင့် ပြောလိုက်သည်။

"နင်ဘာတွေပြောနေတာလဲ" ကျန်းလီသည် သူမကိုယ်သူမထူးထူးခြားပြန်ကြည့်လိုက်ပြီး မှန်ရှေ့သို့သွားလိုက်သည်။ မှန်ထဲရှိ သူမကိုယ်သူမ ပြန်တွေ့လိုက်သည်နှင့် မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာသည်။

ဖြူဝင်း‌တောက်ပနေသော သူမ၏အသားအရေ အပြင် ပျောက်ကွယ်သွားသည့် မှဲ့ခြောက်များကို ကြည့်လိုက်ရာ ကျန်းလီ၏မျက်လုံးများတွင် စိတ်ကူးပင်မယဉ်ဖူးသော အမူအရာတစ်ခု လွှမ်းခြုံသွားသည်။

"ဗုဒ္ဓေါ ဘာဖြစ်သွားတာလဲ။ ဝမ်းလျှောတဲ့ရေကြောင့်များလား" ကျန်းလီ အလန့်တကြားအော်လိုက်သည်။

"သေချာပေါက် အဲဒီရေပဲ။ အဲဒီရေက သေချာပေါက်ကို ကောင်းတဲ့ဟာဖြစ်မှာ၊ ‌‌ရှောင်လီ နင်..." လီအန်းနာသည် ရုတ်တရက် အနည်းငယ် ရှက်ရွံ့စွာဖြင့် "အစ်ကိုကျန်းကို အဲဒီရေလေး ပေးခိုင်းလို့ရမလား" ဟု တိုးတိုးလေးပြောလိုက်သည်။

"ငါ မေးလိုက်ဦးမယ်" ကျန်းလီ သူမ၏ဖုန်းကို အမြန်ထုတ်လိုက်သည်။

ဖုန်းခေါ်လိုက်သည့်အချိန်တွင် ကျန်းဟန်သည် ယွင်ရင်ဥယျာဉ်သို့ ရောက်နေပြီ ဖြစ်သည်။

"အစ်ကို မင်းငါ့ကိုတိုက်တာ ဘာရေတွေလဲ" ကျန်းလီ ကျယ်လောင်စွာမေးလိုက်သည်။

"အဲဒါက သေချာပေါက် ကောင်းတဲ့အရာလေးတစ်ခုပါ။ မဟုတ်ရင် မင်းရဲ့အစ်ကိုက သာမန်ရေကေို တိုက်ပါ့မလား" ကျန်းဟန် ပေါ့ပေါ့ပါးပါးရယ်မောကာပြောလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now