အပိုင်း(၅၀)

485 40 0
                                    

အပိုင်း(၅၀) ဖိအားပေးခြင်း

"မှန်တယ်။ သူတို့က ပုရွက်ဆိတ်တွေပဲ"

ကျန်းဟန်သည် ရယ်မောကာ မုန့်မုန့်၏မျက်နှာကို သုတ်ပေးရန် သူ၏လက်ကို ဆန့်လိုက်သည်။

"ခစ်ခစ်...ပုရွက်ဆိတ်"

ကျန်းဟန်၏ ချီးမွမ်းခြင်းကို ခံရပြီးနောက် မုန့်မုန့်သည် ကျန်းဟန်၏ပြုံးနေသော မျက်နှာကို ကြည့်ပြီး ရယ်လိုက်ကာ သူမလေး၏စိတ်ထဲရှိ ကြောက်ရွံ့မှုများအားလုံး ပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းသည် ဆံပင်ဝါလူငယ်နှင့် ထိုလူစု၏အမူအရာကိုပြောင်းလဲသွားစေရုံသာမက လျန်မုန့်ချီသည်လည်း အံ့အားသင့်သွားသည်။

ကျန်းဟန်၏ဦးနှောက်က အဘယ်ကြောင့် သည်လေးလံထုံထိုင်းနေရသလဲဆိုတာ သူမနားမလည်နိုင်ပေ။ သူမ၏‌ရှေ့ရှိလူများက ဒေါသထွက်ပြီး တိုက်ခိုက်ကြ၍ ဒဏ်ရာရသွားပါက မည်သို့လုပ်မည်နည်း။ အစားသောက်တွေအချက်ပြုတ်နိုင်တော့လျှင် မည်သို့လုပ်မည်နည်း။ ကလေးကို မချော့မြူနိုင်တော့ပါက မည်သို့လုပ်မည်နည်း။ အကယ်၍ စန္ဒယားမတီးနိုင်တော့ပါက မည်သို့လုပ်မည်နည်း။ အကျိုးဆက်များကို သူစဉ်းစားမကြည့်ပေဘူးလား။

လျန်မုန့်ချီသည် တစ်ချိန်တည်းမှာပင် ဒေါသထွက်ပြီး စိတ်ပူသွားသည်။

ကျန်းဟန်သည်တော့ ခေါင်းလှည့်ကာ ကျောက်ဖုန်းနှင့်အခြားသူများကို ကြည့်လိုက်သည်။ သူ၏အမူအရာမှာ မည်သို့မျှမထူးခြားသလို သူ၏လေသံမှာလည်း အရင်လိုပင် နူးညံ့နေဆဲဖြစ်သည်။

"ဟေ့ပုရွက်ဆိတ်လေး။ မင်းကို ငါ့လက်ချောင်းလေးနဲ့တင် သတ်လိုက်လို့ရတယ်။ မုန့်မုန့် ဖေဖေ အဲဒီလူဆိုးတွေကို ဘယ်လိုရိုက်နှက်မလဲဆိုတာ ကြည့်ချင်လား"

"ခွေးကောင် မင်းဘာပြောလိုက်တာလဲ"

အဝါရောင်ဆံပင်နှင့်လူငယ်၏အမူအရာမှာ ကြမ်းတမ်းလာပြီး သူ၏ဓားမြှောင်ရှိရာ ခါးအနောက်လက်သို့ လက်တင်လိုက်သည်။

အပြုအမူကြောင့် လေထုကို အေးစက်သွားစေပြီး ယူချင်းချင်း၏ခန္ဓကိုယ်သည် တိုက်ခိုက်ရန်ပြင်လိုက်သကဲ့သို့ တင်းမာသွားသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora