အပိုင်း(၁၁၈) သောကပွေနေသောကြက်များ
ရှောင်ဟေးမှာ သူတို့၏ အကြီးဆုံး အစ်ကိုကြီးဖြစ်လေ၏။ နောက်ဆုံးတွင်တော့ သူတို့မှာ မျိုးနွယ်တူပင်ဖြစ်ကြသည်။
သို့သော် ၎င်းတို့၏အစ်ကိုကြီးမှာ ချင်ပန်ဇီ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် အမြန်ထရပ်က အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်ပြီး နောက်တစ်ကြိမ် အရိုက်ခံရပြန်သည်။ ဤသို့ဖြင့် အကြိမ်ကြိမ် ခံနေရတော့၏။
တာဟေးမှာ စိတ်လှုပ်ရှားစရာကို ရှာဖွေတွေ့ရှိသွားပြီး ပြုံးဖြဲဖြဲနှင့် ဖြစ်နေသည်။
တဖြည်းဖြည်းနှင့် ရှောင်ဟေမှာ ပို၍ ပါးနပ်လာ၏။ တာဟေး၏ ပတ်လည်တွင် အရှိန်နှုန်းမြင့်စွာဖြင့် ပတ်ပြေးနေတော့သည်။
တာဟေးမှာ ခွန်အားကြီးမားသော်လည်း ရှောင်ဟေး၏အမြင်တွင် ၎င်းက ပုံမကျပန်းမကျဖြင့် ကို့ယားကားယားနိုင်လှသည်။ တာဟေးမှာ အတန်ကြာအောင် တိုက်ခိုက်နေသော်လည်း ရှောင်ဟေး၏အမြီးကိုပင် ထိအောင် မရိုက်နိုင်သဖြင့် မြေပြင်ပေါ် ထိုင်ချလိုက်သည်။
"ဝူး...ဝူး...ဝူး..."
တာဟေးက လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ
"ပျင်းစရာကြီး ငါမတိုက်ချင်တော့ဘူး" ဟု ပြောလိုက်၏။
ရှောင်ဟေးက ရပ်လိုက်ပြီး တာဟေး၏ရှေ့တွင် လျှာကြီးကို ထုတ်ကာ ထိုင်နေလိုက်သည်။
"ဝူး..."
ရုတ်တရက် တာဟေးသည် မျက်နှာချင်းဆိုင်ဘက်ရှိ ကြက်များရှိရာကို ဖျက်ခနဲကြည့်လိုက်သည်။ ပါးစပ်ကြီးက တဖြည်းဖြည်းပွင့်ဟလာပြီး ထိုကြက်များအား ထိုးသုတ်ရန် အဆင်သင့်ဖြစ်နေလေပြီ။ ရှောင်ဟေးက သူ၏သားရည်ကျနေပုံကို မြင်လိုက်သည့်အခါ ပြင်းထန်စွာ ဟောင်သည်။
"ဝုတ်...ဝုတ်...ဝုတ်..."
"ဝူး...ဝူး...ဝူး..."
တာဟေးသည် မဲ့ရွဲ့ကာဖြင့် ပါးစပ်ကိုဟကာ ကြက်သားစားချင်ကြောင်း ရှောင်ဟေးအား သင်္ကေတပြသည်။
"ဝုတ် ဝုတ်"
ရှောင်ဟေးက ခေါင်းယမ်းကာ ရှေ့လက်သည်းများကို ဘယ်ညာယမ်းပြရင်း သခင်က အမှန်တရားကို သိရှိသွားပြီဖြစ်၍ နောက်ထပ် စားလို့မရတော့ဘူးဟု ဆိုသည်။
![](https://img.wattpad.com/cover/305001045-288-k156353.jpg)
ESTÁS LEYENDO
အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)
RomanceGodly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https://www.facebook.com/daddyzhanghan Review 👇👇 https://m.facebook.com/story.php?story_fbid=1145765672877...