အပိုင်း(၁၄၈)

384 24 0
                                    

အပိုင်း(၁၄၈) ကျောက်ဖုန်း မစ်ရှင်ကို စတင်ပြီ

ကျောက်ဖုန်း၏အမူအရာမှာ ခဏလောက် တောင့်တင်းသွားသည်။

သူဌေးက ထန်ကျန့်အား အလေးအနက်မထားကြောင်း သူသိသော်လည်း သူဌေး၏မျက်လုံးထဲတွင် ထန်ကျန့်က ပုရွက်ဆိတ်တစ်ကောင်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပုရွက်ဆိတ်တစ်ကောင်လား...

ဖြစ်နိုင်တာက...

ကျောက်ဖုန်း နှလုံးသားထဲတွင် ခါးသီးစွာပြုံးလိုက်ပြီး သူ၏မျက်လုံးများတွင် အကူအညီမဲ့မှု စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေသည်။ သူ တစ်စုံတစ်ရာ ပြောခါနီးတွင် ဖုန်းမြည်လာသည်။ ဖုန်းပြန်ဖြေပြီး တစ်မိနစ်အကြာတွင် သူ၏မျက်နှာမှာ လေးနက်လာသည်။

"အင်း ငါသိပြီ"

ကျောက်ဖုန်း ပြန်ဖြေကာ ဖုန်းချလိုက်ပြီးနောက် ကျန်းဟန်အား ကြည့်လိုက်၏။

"ဘာဖြစ်တာလဲ။ ထန်ကျန်က ငါ့ကို ဖြေရှင်းခိုင်းတာလား" ကျန်းဟန်က ပေါ့ပေါ့ပါးပါးပင် မေးသးည်။ သူ၏အမူအရာကိုကြည့်ရသည်မှာ ကျောက်ဖုန်းဘာလုပ်မလဲဆိုသည်ကို လုံးဝ စိတ်ပူသည့်ပုံမရပေ။

"မဟုတ်ပါဘူး..." ကျောက်ဖုန်းက ခေါင်းယမ်းလိုက်ပြီး ခါးသီးသော အပြုံးဖြင့် ပြောသည်။

"ထန်ကျန့်က နေ့လည် ၁ နာရီကျရင် အစည်းအဝေးလုပ်တော့မယ်"

"အင်း" ကျန်းဟန် ခေါင်းညိတ်သည်။ သူသည် ကျောက်ဖုန်းပြောသည်ကို စိတ်မဝင်စားပေ။ ဘီယာနောက်ဆုံးတစ်ကျိုက်သောက်လိုက်ပြီးနောက် ဆိုဖာပေါ်ဆီ လျှောက်သွားလိုက်ပြီး မုန့်မုန့်နှင့်အတူကစားရန် ထိုင်လိုက်သည်။

ကျောက်ဖုန်းသည် ထမင်းစားစားပွဲတွင် ထိုင်ကာ တိတ်ဆိတ်နေသည်။ အချိန်အတန်ကြာအောင် တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် သူသည် ပိုက်ဆံအိတ်ထဲကို ထုတ်လိုက်ပြီး ကြယ်သီးကို ဖွင့်လိုက်သည်။ ညင်သာသည့် လှည့်ဖွင့်သံနှင့်အတူ လက်သည်းခွံအရွယ်အစားရှိသည့် ကြယ်သီးကို ဖြုတ်လိုက်၏။ အထဲရှိ နေရာသေးသေးလေးထဲတွင် ဖုန်းဆင်းမ်ကဒ်တစ်ခုရှိနေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora