အပိုင်း(၇၅)

461 41 2
                                    

အပိုင်း(၇၅)

ဤမန်နေဂျာမှာ အတော်လေး ရယ်ရပေသည်။ ထမင်း အကြိမ်အနည်းငယ်လာစားပြီးနောက်တွင် မနေနိုင်ဘဲ ဆိုင်တွင် အလုပ်လာလုပ်ချင်နေခဲ့သည်။

ကျန်းဟန်သည် သူ၏အစားကြူးသူတစ်ယောက်ကဲ့သို့သော အတွေးများကို နည်းလည်ပေသည်။ သို့သော် ခေါင်းခါပြီး ပြန်ပြောလိုက်သည်။

"ငါ့ရဲ့စားသောက်ဆိုင်အတွက် မန်နေဂျာမလိုပါဘူး။ ကြက်ကိုင်ပြီးရင်ပဲ ငါ့ဆီပို့ပေးပါ"

နောက်ဆုံးတွင် ကျန်းဟန်သည် ထိုအလုပ်အတွက် ပေးချေရန် လုံလောက်သည်ထက်ပင် ပိုသော ယွမ်တစ်ရာကို ကောင်တာတွင် ထားခဲ့သည်။

စားသောက်ဆိုင်၏ မီးဖိုချောင်တွင်

"‌ရှောင်လီ၊ ရှောင်ပိုင် ဒီကြက်နှစ်ကောင်ကို ကိုင်တွယ်ပေးပါဦး"

ရှောင်မေသည် လက်ထဲမှာ အိတ်ကို ပေးလိုက်သည်။

"ဘယ်သူ့ကြက်လဲ" ရှောင်လီ မေးလိုက်သည်။

"အဲဒါ ဧည့်သည်တစ်ယောက်ဆီက။ ဒီနားက မုန့်မုန့်စားသောက်ဆိုင်ရဲ့ သူဌေး။ သေချာကိုင်တွယ်ကြနော်။ လှည့်စားမယ်မကြံနဲ့"

ထိုသို့ပြောပြီးနောက် ရှောင်မေ လှည့်ထွက်သွားသည်။

"သူမအတွက် အမိန့်ပေးရတာ အရမ်းကောင်းတယ်လို့ ခံစားနေရလားမသိဘူး"

ရှောင်ပိုင်သည် ရှောင်မေ၏နောက်ကျောကို ကြည့်ရင်း လှောင်ရယ်လိုက်သည်။

"ဟမ့် ငါတို့နှစ်‌ယောက်ကလွဲရင် တခြားဘယ်သူ့ကိုများ အမိန့်ပေးနိုင်လို့လဲ"

ရှောင်လီသည် နှာခေါင်းရှုံ့လိုက်ပြီး အိတ်ကို ကိုင်ကာ

"အရင်ဆုံး အလုပ်သွားလုပ်ကြအောင်"

ထို့‌နောက်တွင် အိတ်ကိုဖွင့်ကာ ကြက်ကို သတ်လိုက်ပြီး အမွှေးနှုတ်ရန် ရေနွေးအနည်းငယ်ကျိုလိုက်သည်။

"ရှောင်ပိုင် ဒီကြက်နှစ်ကောင်ကို ကြည့်စမ်း။ သူတို့ရဲ့အမွှေးတွေက အရမ်းကောင်းတာပဲ။ ချောမွေ့နေတာ။ တော်တော် လှတယ်" ရှောင်လီသည် အနည်းငယ် အော်ဟစ်လိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now