အပိုင်း(၁၆၉)တာဟေး ချီးကျူးခံရခြင်း
အခြေခံအားဖြင့် ကျန်းဟန်သည် မွေးနေ့များနှင့်ပတ်သက်၍ ဂရုမစိုက်ချေ။ ကျင့်ကြံသူများသည် မွေးနေ့ပွဲအား နှစ်ပေါင်းတစ်ရာတွင်မှ တစ်ကြိမ်သာ ကျင်းပလေ့ရှိသည်။ အတွင်းပိုင်းတွင်ဖြစ်စေ အပြင်တွင်ဖြစ်စေ သူတို့၏မွေးနေ့ပွဲအား ကျင်းပရိုးထုံးစံမရှိချေ။
ကျန်းဟန်သည်လည်း ထိုနည်း၎င်းပင်။ ကုန်လွန်ခဲ့ပြီးသည့် နှစ်ပေါင်းငါးရာအတွင်း၌ သူ့အတွက် မွေးနေ့ပွဲမရှိခဲ့ချေ။ သို့သော် မုန့်မုန့်သည်တော့ မတူညီပေ။ ကျန်းဟန်သည် မင်းသမီးလေးအား ဘဝတွင် အရာရာတိုင်းကို အကောင်းဆုံးများ ပေးချင်ခဲ့သည့်အတွက် မွေးနေ့ပွဲအား မည်ကဲ့သို့ လျစ်လျူရှုနိုင်မည်နည်း။
ဤကိစ္စနှင့်ပတ်ပက်၍ ကျန်းဟန်သည် ဇီယန်ပြန်လာသည့်အခါ မုန့်မုန့်၏အိမ်ထောင်စုစာရင်း ပြောင်းလဲခြင်းကို ဆွေးနွေးရန် အချိန်သင့်ပြီဟု တွေးမိသည်။
သို့သော် လွှဲပြောင်းရေးကိစ္စများ ဆောင်ရွက်လျင် ပြသနာအလွန်များလာမည်ကို ကျန်းဟန် သိရှိ၏။
သူနှင့် ဇီယန်သည် လက်မထပ်ရသေးသည့်အတွက် သူတို့အား မည်သို့ စာရင်းသွင်းနိုင်မည်နည်း။ မုန့်မုန့်နှင့် ဇီယန်အား အိမ်ထောင်စုစာရင်းတစ်ခု ခွဲပေးရမည်လား။ ကျန်းဟန်သည် ထိုအကြံအား ချက်ချင်းပယ်ဖျက်လိုက်သည်။
၎င်းမှာ မေးခွန်းထုတ်စရာပင်။ သူသည် မုန့်မုန့်၏ဖခင်ဖြစ်သည့်အတွက် သူ၏စာရင်းတွင် သွင်းပေးရမည်ဖြစ်သည်။ သို့သော်လည်း မုန့်မုန့်၏နာမည်မှာ မပြောင်းလဲရသေးဘဲ အမေရိကအိမ်ထောင်စုစာရင်းအရ အမ်မလီဟု ခေါ်နေဆဲပင်။ သူမ၏နာမည်အား အရင်ဆုံး ပြောင်းလဲရမည်။ ဇီယန်ပြန်လာသည့်အခါ ထိုကိစ္စများအားလုံးကို ဆွေးနွေးရပေမည်။
ဇီယန်သည် ထိုသို့ သုံးယောက်အတူ အိမ်ထောင်စုစာရင်းလျှောက်ထားရာတွင် သဘောတူပါမည်လား။ ဆိုလိုသည်မှာ သူနှင့် ဇီယန်သည် မိသာားစုတစ်ခုဖြစ်လာပေလိမ့်မည်။ သူမ၏သဘောထားကို တွေးကြည့်ရလျှင် သူမ တိုက်ရိုက်သဘောတူလိမ့်မည်မဟုတ်ဟု သူထင်သည်။
KAMU SEDANG MEMBACA
အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)
RomansaGodly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https://www.facebook.com/daddyzhanghan Review 👇👇 https://m.facebook.com/story.php?story_fbid=1145765672877...