အပိုင်း(၈၁)

451 35 0
                                    

အပိုင်း(၈၁)

"ကျွန်မလည်း လုပ်မယ်"
ကျိုးဖေးသည် မတ်တပ်ထရပ်လိုက်ပြီး ပန်းကန်များကို ကူသယ်ရန်ထသွားလိုက်သည်။

"ကျွန်မတို့ ပထမထပ်မှာပဲစားကြမလို့လား? တကယ်လို့ ရုတ်တရက်တယောက်ယောက်ဝင်လာရင် ဘယ်လိုလုပ်မလဲ?"

ဇီဘန်သည် ကျန်းဟန်အားကြည့်ပြီး တုံ့ဆိုင်းစွာမေးသည်။

"ဘယ်သူမှ လာမှာမဟုတ်ပါဘူး"
ကျန်းဟန် အသာအယာခေါင်းယမ်းလိုက်သည်။

"အိုး...မေမေ သမီးဗိုက်ဆာနေပြီ မြန်မြန်သမီးကို ခေါ်သွားပေးပါ"
မုန့်မုန့်သည် ဆိုဖာပေါ်မှနေ၍ စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ ဇီယန် သူမလေးကို ပွေ့ချီသွားပြီးနောက် သူမလေး ဆက်ပြောလိုက်သည်။
"မေမေ အဲဒါက....သူတို့က နေ့တိုင်း အဲ့ဒီအချိန်မှာပဲ လာကြတာ တခြားအချိန်တွေဆိုရင် သူတို့မလာကြဘူး"

"အဲဒီအချိန်ဆိုတာက ဘယ်အချိန်များလဲ?"
ဇီယန် ပြုံးလိုက်ရင်း ပြောသည်။

"အဲ့ဒီအချိန်က........"
မုန့်မုန့်သည် လေးနက်သည့်မျက်နှာလေးဖြင့် သူမနားလည်သလို အမေဖြစ်သူအား သေချာရှင်းပြသည်။

၎င်းကိုမြင်သည့်အခါ ကျန်းဟန်သည် ပြုံးကာ ခေါင်းယမ်းလိုက်ပြီ
"နေ့စဉ် မနက် နေ့လည် ည သုံးကြမ်၊ တစ်ချိန်ကို တစ်နာရီပဲဆိုင်ဖွင့်တယ်။ စည်းကမ်းတွေအားလုံးကို တံခါးက ကြော်ငြာဘုတ်မှာ ရေးထားတယ်။ မင်းတို့ ပထမဆုံးဝင်လာတုန်းက အဲဒါကို သတိမထားမိလိုက်လို့"

"တစ်ရက်ကို သုံးနာရီပဲ ဖွင့်တာလား?'

ဇီယန် ထိတ်လန့်သွားကာ ခဏကြာမှာ ပြန်၍ သတိဝင်လာသည်။

ကျန်းဟန်က ဘယ်သူမလို့လဲ? ထိုအချိန်က ပေကျင်း၏သခင်လေး ၄ ယောက်ထဲမှာ တစ်ယောက်ဖြစ်ပြီး ပေကျင်းက ထွက်လာစဉ်ကတည်းက ကြီးမားစွာပြောင်းလဲနေပြီးသားဖြစ်သည်။ သူတကယ်ကြီး စားသောက်ဆိုင်တစ်ဆိုင်ဖွင့်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?

ဇီယန် ဤထမင်းစားခန်းကြီးနှင့်မီးဖိုချောင်မှာ မုန့်မုန့်အတွက် ချက်ပြုတ်ရန် အထူးရည်ရွယ်ထားသည့်နေရာဟု မှန်းဆခဲ့သည်။ သူသည် စားသောက်ဆိုင်ကို စဉ်းစားထားမည်မဟုတ်သည်မှာ သေချာသလောက်ပင်ဖြစ်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now