အပိုင်း(၂၂)

581 53 0
                                    

အပိုင်း(၂၂)မိသားစုသုံးယောက်၏ခရီးစဉ်

"မေမေ ဖေဖေ့ကိုဖုန်းခေါ်ပေးပါ"

ဇီယန်၏ညာလက်သည် မုန့်မုန့်ကို ခက်ခက်ခဲခဲပွေ့ချီထားပြီး သူမ၏ဘယ်ခက်က အိတ်ထဲမှ ဖုန်းကိုရှာနေသည်။

"အာ ဖေဖေ၊ ဖေဖေက ဒီမှာ၊ ဖေဖေကဒီမှာ"

မင်းသမီးလေး၏မျက်လုံးများသည် အလွန်စူးရှသည်။ ကျန်းဟန်သည် အခြားတစ်ဖက်ဆီမှ သူတို့ဆီသို့လျှောက်သွားသောအခါ မင်းသမီးလေးသည် နေ့ရောညပါ တောင့်တနေသော သူမ၏ဖေဖေကို ချက်ချင်းတွေ့လိုက်သည်။

ထို့ကြောင့် သူမလေးသည် သူမဖေဖေကို ပွေ့ဖက်ဖို့ တောင်းဆိုရန် သူမ၏လက်လေးများကို ဆန့်ထုတ်ရင်း ဇီယန်၏ရင်ခွင်ထဲတွင် လှုပ်ခါနေတော့သည်။

"ပူတူးတူးလေး ဖေဖေ့ကို လွမ်းနေပြီလား"

"လွမ်းတယ် လွမ်းတယ် လွမ်းတယ်" မုန့်မုန့်သည် ကျန်းဟန်၏ပါးကို ညင်သာစွာနမ်းလိုက်သည်။

"ဖေဖေ့ကို ဘယ်လောက်လွမ်းလဲ" ကျန်းဟန်ပြုံးလိုက်သည်။

"အရမ်း အရမ်း အရမ်း လွမ်းတယ်" မုန့်မုန့်သည် ကျန်းဟန်၏လည်ပင်းကိုဖက်ထားပြီး ကျန်းဟန်၏ပါးကို သူမ၏ပါးလေးဖြင့် ကပ်ထားသည်။

"ဟဟားဟား..." ကျန်းဟန် တောက်ပစွာရယ်မောလိုက်ပြီး ညာဘက်လက်မှ လက်မှတ်သုံးစောင်ကို လှုပ်ခါပြကာ "လက်မှတ်ဝယ်ပြီးပြီ ဝင်ကြရအောင်" ဟု ပြောလိုက်သည်။

"ကောင်းပြီ ကောင်းပြီး သွားကစားကြမယ်။ အရမ်းအရမ်းမြင့်တဲ့ ချားရဟတ်ကစားမယ်" မုန့်မုန့်သည် သူမလေး၏ လက်ကလေးနှစ်ဖက်ကို ဝမ်းသာအားရမြှောက်လိုက်သည်။

ကျန်းဟန်က ဘေးနားတွင် တိတ်ဆိတ်စွာရပ်နေသော ဇီယန်ကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် အရွယ်အစားကြီးမားသော နေကာမျက်မှန်ကို ဝတ်ဆင်ထားသဖြင့် သူမ၏မျက်နှာအမူအရာကို မမြင်နိုင်ပေ။

သို့သော် ကျန်းဟန် သူမနှင့်စကားပြောသည့် လေသံက မုန့်မုန့်နှင့်စကားပြောစဉ်က လေသံလောက် နူးညံ့မှုမရှိချေ။ သူ၏အသံမှာ အနည်းငယ်အေးစက်စက်ဖြစ်သွားပြီး

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora