အပိုင်း(၂၉)

532 45 0
                                    

အခန်း(၂၉)သီးနှံစိုက်ပျိုးခြင်း

"ဝုတ် ဝုတ် ဝုတ် ..."

လူစိမ်းများရောက်လာသည်ကိုမြင်သည်နှင့် ရှောင်ဟေးသည် ချက်ချင်းပင် တာဝန်ထမ်းဆောင်တော့သည်။

သူ၏ခန္ဓာကိုယ်နှင့် အရိုးများ ကြီးထွားလာပြီးကတည်းက အစွမ်းပြရန်အတွက် အခွင့်အရေးမရခဲ့သေးချေ။ ယခုအချိန်တွင် လူစိမ်းများ လာနေသည်ကို မြင်လိုက်သည်နှင့် သူ၏အစွယ်များကို သဘာဝကျကျပင် အပြင်ထုတ်ပြလိုက်သည်။

ကျောက်ပေါက်မျက်နှာအမျိုးသားနှင့် အခြားသော လက်အောက်ငယ်သားအနည်းငယ်သည် ရှောင်ဟေး၏ ထက်မြသော အစွယ်များကို မြင်သည့်အခါ ကြောက်လန့် ဖြူဖျော့သွားကာ ခြေထောက်များက နောက်သို့ ပြန်ဆုတ်သွားကြသည်။

သူတို့ ဆုတ်ခွာသွားစဉ် ရှောင်ဟေးသည် ဝံပုလွေထက်ပင် ပို၍ရက်စက်သောအကြည့်ဖြင့် သူတို့ဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားသည်မှာ တစ်စုံတစ်ယောက်အား ကိုက်စားတော့မည့်ပုံပေါ်နေသည်။

ယင်းက ထိုလူအနည်းငယ်၏ နှလုံးသားကို လည်ချောင်းအထိမြင့်တက်လာသလို ခံစားရစေသည်။

"ဘော့စ်...သူဌေး..."

ကျောက်ပေါက်မာမျက်နှာနှင့်အမျိုးသားသည် ရှောင်ဟေးအား ထိတ်လန့်သည့်အကြည့်ဖြင့်ကြည့်ကာ ကျန်းဟန်အား တိုးညှင်းစွာ အော်ခေါ်သည်။

"ရှောင်ဟေး ရှောင်ဟေး"

ထိုအချိန်တွင် ချစ်စဖွယ်အသံလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံသည် နျူထရီ-အိတ်ပရက်စ် သောက်ပြီးခါစ မင်းသမီးလေး၏အသံပင်ဖြစ်သည်။

မုန့်မုန့်သည် သူမ၏လက်ဖဝါးလေးကို ရှောင်ဟေးဆီသို့ ဆန့်တန်းထားသည်ကို တွေ့နိုင်သည်။

ရှောင်ဟေး၏ အမူအရာသည် ချက်ချင်း ဖော်ရွေရင်းနီးသော အမူအရာသို့ ပြောင်းလဲသွားသည်။ သူ၏အမြီးကြီးကို ဘယ်ညာယမ်းကာ လျှာကိုထုတ်ပြီး မုန့်မုန့်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

"ဟူး..."

ကျောက်ပေါက်မာအမျိုးသားနှင့် လက်အောက်ငယ်သားအနည်းငယ်သည် အသက်ပြင်းပြင်းရှူထုတ်လိုက်ကြသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora