အပိုင်း(၁၀၆)

426 27 0
                                    

အပိုင်း(၁၀၆)

ထမင်းကျက်ခါနီးအချိန်တွင် အနံ့အရသာနှင့်ပြည့်စုံသော ကြက်သားဟင်းမှာ ပြီးစီးသွားသည်။

ကြက်နှစ်ကောင်မှာ အတန်သင့်များပြားသော်လည်း အလယ်တည်ပန်းကန်လုံးကြီးကို အသုံးပြုရန်တော့ မလိုအပ်ချေ။ ထိုအစား ဇလုံအကြီးတစ်ခုဖြင့် ထည့်လိုက်သည်။

အညှော်စက်စက်မပါရှိသဖြင့် ကြက်သားဟင်း၏မွှးကြိင်သော အနံ့မှာ လျင်မြန်စွာပင် လေထုထဲ၌ ပျံ့လွင့်နေသည်။

"ဒီအနံက...."

မွှေးရနံ့မှာ တဖြည်းဖြည်းနှင့် ၎င်းတို့အား စားသောက်နေသည်များကို ရပ်တန့်သွားစေသည်။ အားလုံးသည် အနံ့အရသာနှင့်ပြည့်စုံနေသည့် ကြက်သားဟင်းကိုသာ စိုက်ကြည့်နေကြသည်။

ဆီတဝင်းဝင်းနှင့် အသားတုံးများ၊ မွှေးကြိုင်သော ရနံ့တို့သည် ၎င်းတို့အား သွားရည်ကျစေသည်။

ခေါက်ဆွဲပြုတ်စားနေသည့် သူများအနက်မှ တစ်ယောက်သည် ခေါက်ဆွဲဆီမှတဆင့် အာသာငန်းငန်းအကြည့်ဖြင့် ခေါင်းငိုင်စိုက်ကြည့်နေသည်။

"ဘုရားရေ အနံ့က မွှေးလိုက်တာ။ ငါလုံးဝ ခံနိုင်ရည်မရှိတော့ဘူး" ယူချင်းချင်းသည် စိုက်ကြည့်နေရင်း မနေနိုင်မထိုင်နိုင်ဖြစ်လာသည်။

သူမ ဘာကြောင့် မနေနိုင်မထိုင်နိုင်ဖြစ်လာရသနည်း။

အကြောင်းမှာ ကြက်သားဟင်းကို စားချင်လွန်းသောကြောင့်ပင်။ သူမသည် စိတ်အားထက်သန်စွာဖြင့် ချက်ချင်းပြေးသွားကာ သူဌေးအား စားလို့ရပြီလားမေးရန် ပြင်လိုက်သည်။

အခြေခံအားဖြင့် ပြောရလျှင် လျန်မုန့်ချီသည် ပထမဆုံးအဖွဲ့ဝင်ဖြစ်သည်။ သို့သော် ယခုတော့ ယူချင်းချင်းသည် ကြက်သားဟင်းကြောင့် အရာအားလုံးကို မေ့လျော့သွားခဲ့သည်။

သူမသည် အလွန် အံ့ဩကြောင်အနေသည့် အခြေအနေတွင် ရှိနေခဲ့ပြီး သူမကိုယ် သူမပင် မည်သူဖြစ်သည်ကို မသိနိုင်တော့လောက်အောင်ပင်။

သို့သေည် အခြားသူများသည်လည်း သူမထက် ထူး၍ကောင်းမွန်နေကြသည်မဟုတ်။ သူတို့၏မျက်လုံးများမှာ ဆာလောင်မွတ်သိပ်နေသည့် သားရိုင်းကောင်များကဲ့သို့ ကြက်သားဟင်းကို စိုက်ကြည့်နေကြသည်။ အားလုံးသည် သူတို့မြည်းစမ်းအရသာခံနိုင်မည့်အချိန်ကို စောင့်မျှော်နေကြသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora