အပိုင်း(၁၁၄) ချင်ပန်ဇီတစ်ကောင်
သူတို့၏မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာသည်က ချင်ပန်ဇီတစ်ကောင်ဖြစ်ချေသည်။
အတိအကျပင်။ ၎င်းမှာ ချင်ပန်ဇီမျောက်တစ်ကောင်ဖြစ်လေ၏။ ၎င်းမှာ ကျောက်တုံးကြီးကို ဖဲမွေ့ယာအလား မှတ်ယူကာ လဲလျောင်းနေသည်။
ချင်ပန်ဇီမှာ ငယ်သေးသည့်ပုံရပြီး ၎င်း၏ခန္ဓာကိုယ်အောက်ပိုင်းမှ သွေးစက်အနည်းငယ်အရ ဒဏ်ရာရထားသည်မှာ ထင်ရှားသည်။
၎င်းကို ကြည့်ရသည်မှာ အနည်းငယ် အားနည်းနေဟန်ရပြီး အသံရှုသံမှာ ပြတ်တောင်းတောင်းဖြင့် လျင်မြန်နေသည်။ ထို့ပြင် ၎င်းမှာ အတော်လေး စိတ်ရှုပ်ထွေးနေပုံရသည်။
သို့သော် ၎င်း၏အသွင်အပြင်မှာ 'Rise of the Planet of the Apes' ရုပ်ရှင်ကားထဲမှာ ကိုင်ဇာ နှင့် ၈၀ ရာခိုင်နှုန်း ဆင်တူလေ၏။ ၎င်းမှာ သူ၏မျိုးနွယ်တွင် ရုပ်ရည်ချောမောသော ချင်ပန်ဇီတစ်ကောင်ဖြစ်သည်မှာ အသေအချာပင်။
မုန့်မုန့်၏တောက်ပလင်းလဲ့နေသော မျက်လုံးကြီးများက ၎င်းအား စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီး ကိုင်ဇာနှင့် ဆင်တူသည်ဟု ယူဆလိုက်သည်။ ထို့ကြောင့် မင်းသမီးလေးမှာ မဝံမရဲဖြင့်
"နင်က ကိုင်ဇာလား"
ချင်ပန်စီမှာ မုန့်မုန့်၏အသံကိုကြားသည့်အခါ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ၏ရှေ့တွင် လူသားတစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရတော့ သူ၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။
လူသားလား။
သူသည် လူသားများကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နာကျင်ခံစားခဲ့ရသည်။
စက်ဆုပ်စရာလူသားတွေ။
ချင်ပန်ဇီ၏မျက်လုံးများမှာ ပြင်းထန်ရက်စက်မှုများ ရှိနေသည်မှာ အထင်အရှားပင်။
"ဂီး...."
ချင်ပန်ဇီ၏ရန်လိုမှုကို ခံစားမိလိုက်ပြီး ရှောင်ဟေး၏မျက်လုံးများမှာ ကြမ်းကြုတ်လာ၏။
နှာခေါင်းနှင့် မျက်နှာကို ရှုံ့ကာ သူ၏ ကြမ်းကြုတ်သော အမူအရာကို ပြသသည်။ အေးစက်သောအလင်းများ ရောင်ပြန်ဟပ်နေသည့် သူ၏အစွယ်ဖွေးဖွေးများကြောင့် ချင်ပန်ဇီမှာ သူ၏စွမ်းအားကို သတိပြုမိခဲ့ပြီး ထိုဆရာသမားလေးနှင့် ဆက်ဆံရန် သတိထားနေစေခဲ့သည်။
![](https://img.wattpad.com/cover/305001045-288-k156353.jpg)
YOU ARE READING
အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)
RomanceGodly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https://www.facebook.com/daddyzhanghan Review 👇👇 https://m.facebook.com/story.php?story_fbid=1145765672877...