အပိုင်း(၁၅၉) တစ်ခုခုထပ်ဖြစ်တော့မယ်
တိုက်ခိုက်မှုခုနှစ်ခု မရီဒျန်ဖွင့်ခြင်းနည်းစနစ်ဆိုသည်မှာ သူ၏နာမည်အတိုင်းပင် ကျန်းဟန်သည် ပြင်ပစွမ်းအင်ကို တွန်းအားပေးကာ ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ လက်ခုနှစ်ချောင်းဖြင့် တိုက်ခိုက်၍ ကျောက်ဖုန်း၏ ပြင်ပမရီဒျန် ၈ ခုကို ပွင့်သွားစေသည့် အကျိုးသက်ရောက်ရှိရှိသည်။
ယေဘူယျအားဖြင့် ပြောရလျှင် ပြင်ပမရီဒျန်ရှစ်ချကို တစ်ခါတည်းဖွင့်ရန် ကျန်းဟန်သည် အခြေတည်အဆင့်သို့ ရောက်ရှိနေသင့်ပြီး အနည်းဆုံး တတိယအဆင့် စိတ်ဝိဉာဉ်စွမ်းအားရှိနေသင့်သည်။
သို့သော် နောက်ဆုံးတွင်တော့ ကျန်းဟန်သည် အတိဒုက္ခအဆင့်သို့ ရောက်ရှိခဲ့ဖူးသည့် ကျွမ်းကျင်ပညာရှင်ဖြစ်သည်။ သူသည် ကျင့်ကြံခြင်းနှင့်ပတ်သက်၍ အများအပြားသိရှိလေသည်။ မရီဒျန်ဖွင့်ရန် တိုက်ခိုက်ခြင်းခုနှစ်ခုနည်းစနစ်သည် အလွန်သိမ်မွေ့သည့် နည်းစနစ်တစ်ခုဖြစ်သည်။ ကျင့်ကြံခြင်းကမ္ဘာမှာပင် ၎င်းမှာ ပထမတန်းစား နည်းစနစ်တစ်ခုဖြစ်သည်။
ထိုနည်းစနစ်သည် သာမန်နည်းလမ်းများထက် စွမ်းအင်အဆ အနည်းငယ် ပို၍ နည်းပါးစွာအသုံးပြု၍ မရီဒျန်များကို ဖွင့်နိုင်သည်။ လူသားများတွင် ပြင်ပမရီဒျန်ရှစ်ခုဖွင့်ပြီးသည်နှင့် ကျင့်ကြံခြင်းပြုလုပ်ရန် အရည်အချင်းပြည့်မီသွားပြီဖြစ်သည်။
မီးကျောက်စိမ်းနှင်းစက်နှင့် သန့်စင်သောယန်ရေပမာဏမျာ သိပ်မများသည့်အတွက် ကျောက်ဖုန်း နိုးလာသည့်အချိန်တွင် စိတ်ဝိဉာဉ်စွမ်းအင်မရှိတော့ချေ။ သို့သော် သူ၏ခန္ဓာကြံ့ခိုင်မှုနှင့် ခွန်အားမှာ များစွာ တိုးတက်ကောင်းမွန်လာသည်။
နောက်ထပ် ဥပမာယှဉ်ပြရသော်... ကျန်းဟန်သည် ယခင်က ကျောက်ဖုန်းသည် ရှောင်ဟေး၏ပြိုင်ဘက်မဟုတ်ကြောင်း ပြောခဲ့ဖူးသည်.
ကျန်းဟန်ဆိုလိုသည်မှာ ကျောက်ဖုန်းသည် လက်နက်များအသုံးမပြုသလို ရှောင်ဟေးကလည်း သူ၏ထက်မြသည့်သွားများကို အသုံးမပြုဘဲ ခွန်အားသာက်သက်ဖြင့် တိုက်ခိုက်ကြခြင်းကို ဖြစ်သည်။ သူတို့သည် တခဏလောက် ယှဉ်တိုက်နိုင်ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ နောက်ဆုံးတွင် ကျောက်ဖုန်း ရှုံးနိမ့်သွားမည်ဖြစ်သည်။
YOU ARE READING
အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)
RomanceGodly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https://www.facebook.com/daddyzhanghan Review 👇👇 https://m.facebook.com/story.php?story_fbid=1145765672877...