အပိုင်း(၁၆၇)

348 20 0
                                    

အပိုင်း(၁၆၇) သိုလှေင်ခန်းထဲကရှိသမျှအကုန်ရှင်း

ကျောက်ဖုန်းမှာ တာဟေး၏လက်သီးကို မြင်လိုက်ရသည့်အခါ လန့်သွား၏။

တာဟေးသည် သူ့အား လုံးဝ အပြတ်အသတ်တီးထားခဲ့သည်ကို ကောင်းကောင်းကြီးမှတ်မိသေးသည်။ အထူးသဖြင့် ဤတိုက်ပွဲအပြီးတွင် သူသည် တာဟေး၏ခွန်အားကို ပို၍ သိရှိလာ၏။

ဒီကောင်က ကျည်ဆန်တောင် မတိုးတဲ့ကောင်ပဲ...

လုံးဝကို အဓိပ္ပာယ်မရှိဘူး။

နောက်ဆုံးတွင် ကျောက်ဖုန်းသည် တာဟေး၏အသွင်ပြောင်းလဲခြင်းကို နားလည်လာသည်။ သူသည် ကျင့်ကြံခြင်း၏အဓိပ္ပာယ်ကို စတင်ယုံကြည်လက်ခံလာပြီးဖြစ်သဖြင့် သိပ်ပြီး အံ့ဩသွားခြင်းတော့မရှိ။

ထို့ပြင် ကျောက်ဖုန်းသည် တာဟေး၊ ရှောင်ဟေးတို့နှင့် နှိုင်းယှဉ်ပါက သူသည် အားအနည်းဆုံးဖြစ်နေသည်ကို သိရှိသည်။

သူ၏လက်ရှိအနေအထားကို ရှင်းရှင်းလင်းလင်းသတိရသွားပြီး လေသံလေပြာင်းကာဖြင့် နူးနူးညံ့ညံ့ပြောလိုက်၏။

"ကောင်းပြီ...တာဟေး ဒီပစ္စည်းတွေက တရားမဝင်နည်းလမ်းတွေနဲ့ ရလာခဲ့တာ။ ငါတို့ ဒါတွေကို မယူတာပိုကောင်းမယ်နော်"

"ဝူး"

တာဟေးသည် ကျောက်ဖုန်းအား မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး ရင်ဘတ်အား လက်သီးဖြင့် ထုပြသည်။

"ဆရာက ဒီလိုမျိုး မသမာတဲ့နည်းလမ်းနဲ့ရတဲ့ အကျိုးအမြတ်ကို လိုချင်မယ်လို့ ငါတော့မထင်ဘူး" ကျောက်ဖုန်းက တုံ့ဆိုင်းစွာ ပြောသည်။

"ဝူး"

ကျန်းဟန်၏နာမည်ကို ကြားလိုက်ရသည့်အခါ တာဟေး၏မျက်နှာထက်တွင် အတွေးနက်နေသည့်ဟန်ပေါ်လာသည်။ ခေါင်းကို ကုတ်လိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသည်။ သူ၏မျက်လုံးများမှာ တောက်ပလာပြီး

"ဝူး ဝူး ဝူး..."

တာဟေးသည် လျှို့ဝှက်ခန်းထဲရှိ ရတနာများအား လက်ညှိုးထိုးပြသည်။ ကျောက်ဖုန်းမှာ တာဟေးပြောချင်သည်အား အချိန်အတော်ကြာ စဉ်းစားပြီး နောက်ဆုံးတွင်မှ နားလည်ခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora