အပိုင်း(၁၁၀)

417 30 0
                                    


အပိုင်း(၁၁၀) လီဖန်းရောက်လာပြီ

"ဘာမှ အားမငယ်ပါနဲ့ ချင်းချင်းရယ်၊ ကိုယ်က မင်းရဲ့ အသံဆိုးလေးကို သဘောကျပါတယ်"
ကျောက်ဒါဟူသည် ယူချင်းချင်း၏ပုခုံးအား ညင်သာစွာတင်ရင်း ပြောလိုက်သည်။

"သွားစမ်းပါ!"

ယူချင်းချင်းမှာ ပုခုံးပေါ်မှ ကျောက်ဒါဟူ၏လက်အား ရိုက်ချလိုက်သည်။ သူမ အားကုန်မသုံးလိုက်သော်လည်း ကျောက်ဒါဟူမှာ နောက်သို့ ယိုင်သွား၏။

"အား....ဘာလို့ ငါ့ကို ရိုက်တာလဲ"
ကျောက်ဒါဟူမှာ သနားစဖွယ် ပြောသည်။

"အရူးကောင် နင်က အရိုက်ခံသင့်တယ်လေ"
ယူချင်းချင်းသည် လက်သီးကို ဝှေ့ယမ်းကာ စားသောက်ဆိုင်ထဲသို့ ဝင်သွားသည်။

လူအုပ်ကြီးသည် စားသောက်ဆိုင်ထဲသိုဝင်ကာ ထိုင်လိုက်ကြသည်။ လျန်မုန့်ချီသည်တော့ အနည်းငယ် စိတ်နှင့်ကိုယ်နှင့် မကပ်ဖြစ်နေ၏။ သူမ ရုပ်ရည်အရ ရှုံးနိမ့်သွားသည်ကို ဝန်မခံချင်သော်လည်းပဲ မုန့်မုန့်၏အမေမှာ သူမထက် ပို၍ လှပကြောင်း ရှင်းရှင်းလင်းလင်းသိလိုက်သည်။

"ဟင်း..."

လျန်မုန့်ချီမှာ ဇီယန်၏ မျက်လုံးလှလှလေးများကို စိတ်ထဲတွင် မြင်ယောင်ရင်း သက်ပြင်းချလိုက်သည်။

"သူမက အရမ်းလှတာပဲ...."
လျန်မုန့်ချီမှာ နှုတ်ခမ်းစူလိုက်၏။

"မင် ဘယ်သူ့အကြောင်းပြောနေတာလဲ"
ယူချင်းချင်းမှာ ကြောင်သွားသည်။

"သူဌေးကတော်လေ။ သူမက ငါ့ထက် အများကြီး ပိုလှတယ်"
လျန်မုန့်ချီ အနည်းငယ် စိတ်ဓာတ်ကျသည့် လေသံဖြင့် ဖြေသည်။

"အင်း ငါ ခုဏက သေချာမမြင်လိုက်ရဘူး။ သူမက အရမ်းလှတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပုံပဲ"
ယူချင်းချင်း ထောက်ခံလိုက်သည်။

"နင်လည်း သူမက ငါ့ထက်ပိုလှတယ်လို့ ထင်တယ်မလား?"
လျန်မုန့်ချီ နှုတ်ခမ်းကို စူလိုက်သည်။

"အာ..." ယူချင်းချင်း ပြုံးကာ
"တကယ်တော့ မဟုတ်ပါဘူး"

သူမ ရှင်းပြတော့မည်အချိန်တွင် တစ်ဖက်ရှိ ကျောက်ဖုန်းက ခပ်တိုးတိုး ချောင်းဟမ့်လာသည်။ လျန်မုန့်ချီ၏ စိတ်ဓာတ်ကျနေမှုကို သူ မမြင်လိုသော်လည်း တစ်ချိန်တည်းမှာပင် သူ ပျော်ရွှင်မိသည်။ အကြောင်းအရင်းကား.....သိသာပေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now