Part (1)

3.8K 81 5
                                    

အဖြူရောင်နှင့်အပြာရောင်ရောစပ်ကာပြင်ဆင်ထားသော ခန်းမကြီး၏အလယ်တွင်ရပ်နေသော လူသားနှစ်ဦးရှိလေသည် ထိုနှစ်ဦးအနက်မှ တစ်ဦးကတော့ ယဲ့ယဲ့ကလေးပြုံးနေ၍ ကျန်တစ်ဦး၏မျက်နှာတွင်တော့ ခံစားချက်တို့ကင်းမဲ့နေလျှက်

မင်္ဂလာလက်စွပ်အား အချင်းချင်းအပြန်အလှန်စွပ်ပေးလိုက်ပြီးနောက် ပွဲလာသောဧည့်သည်များ၏ လက်ခုပ်သံများကဆူညံလျှက် ဆုမွန်ကောင်းများကောင်းပေးကြသည်

ဒီလင်ဒီယောက်ျား အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေတဲ့

သူတို့ပြောသလိုရော ဖြစ်လာနိုင်ပါ့မလား ချစ်ခြင်းမေတ္တာတွေမပါ နှစ်ဖက်မိဘတို့၏သဘောဆန္ဒအရ ဖြစ်တည်လာခဲ့သော လက်ထပ်ခြင်းမမည်သည့် အကျိုးတူစီးပွားပေါင်းဖက်မှု့ ထိုစီးပွားရေးဆန်ဆန်သဘောတူညီမှု့ကြားတွင် မြေစာပင်ဖြစ်ခဲ့ရသော သူတို့နှစ်ဦး၏ ဘဝကသာယာနိုင်ပါ့မလားလေ

မြင့်မိုရ်ရိပ်တစ်ယောက် ဧည့်ခန်းထဲမှ မင်္ဂလာဓာတ်ပုံအားကြည့်နေမိသည်မှာ အချိန်တွေဘယ်လောက်တောင်ကုန်သွားလဲမသိပေ ဓာတ်ပုံထဲတွင် ရှိသောလူနှစ်ဦးက လိုက်ဖက်ညီကြသည်ဟု အများကပြောကြပေမဲ့ တကယ်ရောဟုတ်ရဲ့လားဆိုတာ မြင့်မိုရ်ရိပ်ကိုယ်တိုင်လည်းမသိပေ

မောင်ကသူနဲ့လိုက်ဖက်ရဲ့လားဆိုတာ နှစ်နှစ်လုံးလုံးသူကိုယ်တိုင်ပြန်မေးနေ၍ အဖြေမရသေးသော မေးခွန်းတစ်ခုပင် ဓာတ်ပုံထဲကရုပ်တည်ကြီးနှင့်မောင်က အပြင်တွင်လည်း သူ့အားမပြုံးမရယ်ပြပေ

မောင့်အပြုံးတွေ ငါမြင်ချင်လိုက်တာ မြင်ခွင့်ရောရှိပါ့မလားလေ....

နာရီကိုကြည့်မိတော့ ၁၁နာရီတောင်ထိုးပြီး ကျော်နေပြီဖြစ်သည် အရင်ကဆိုမောင်က ၁၀နာရီဒေါင်ဆိုတာနဲ့ အိမ်ပြန်ရောက်ပြီဖြစ်သည် ဒီနေ့မှဘာလို့ဒီလောက်နောက်ကျနေပါသနည်း နာရီလက်တံ တစ်ချက်ရွေ့တိုင်း စိုးရိမ်မှု့တို့က မြင့်တက်လာလေသည်

မောင်များလမ်းမှာတစ်ခုခုဖြစ်လေသလား

အို...ဖတ်.ဖတ်.ဖတ်.. လွှဲပါစေ..ဖယ်ပါစေ..မောင်ဘာမှဖြစ်မှာမဟုတ်ပါဘူး မြင့်မိုရ်ရိပ် မင်းနဲ့လည်းလေ မဦးမချွတ်တွေ သိပ်တွေးတယ်တကယ်

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now