မနက်ခင်းနေရောင်ခြည်က လိုက်ကာဖွင့်ထားသော ပြတင်းမှတဆင့် အခန်းထဲသို့ဝင်ရောက်လာလေသည် အိမ်အောက်တွင်တော့ အသီးသီးအလုပ်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြလျှက်ရှိသည် ထိုအိမ်၏အပေါ်ထပ် အခန်းထဲတွင်တော့ ကုတင်ပေါ်တွင် ငြိမ်းချမ်းစွာအိပ်ပျော်နေသော လူသားနှစ်ဦးရှိလေရဲ့မျက်နှာပေါ်ဖြာကျနေသော အလင်းရောင်စူးစူးကြောင့် ရိပ်မျက်ခုံးတို့အားတွန့်ချိုးမိလိုက်သည် အလင်းရောင်နှင့် အသားမကျသေးသောမျက်လုံးတို့ကြောင့် မျက်ခွံအား သုံးလေးချက်လောက် ပုတ်ခတ်လိုက်ကာ ဖြည်းဖြည်းချင်းဖွင့်လိုက်ရလေသည် မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က မောင့်မျက်နှာချောချောပင်
ရိပ်ကိုင်ပြီး အိပ်ခဲ့သော မောင့်ရင်ဘတ်မှ အင်္ကျီစလေးအား အသာအယာလွှတ်ပေးလိုက်သည် တစ်ညလုံးဆုတ်ကိုင်ထားလို့ထင် အင်္ကျီစလေးပင် တွန့်ကျေနေချေပြီ
ရိပ်အိပ်ရာက မထသေးဘဲ မောင့်ကိုသာ တစိမ့်စိမ့်ငေးကြည့်နေမိသည် မောင့်ရဲ့ထူထဲကာ ဖြောင့်တန်းနေသော မျက်တောင်တို့က ရိပ်နှင့်ဆိုအမြဲတွန့်ချိုးထားတတ်သလို ယခုလည်း အိပ်နေရင်းနှင့်ပင် တွန့်ချိုးထားလေသည် ရိပ်မောင့်မျက်ခုံးတို့စီလက်လှမ်းလိုက်ကာ တွန့်ချိုးနေသောမျက်ခုံးတို့အား ပြင်ပေးလိုက်လေသည် သူမနဲ့ကျတော့ ပြင်ယူစရာကိုမလိုလောက်အောင် မောင့်မျက်ခုံးတွေသာမက မျက်ဝန်းတို့ကပါ ကြည်နူးနေဟန် ငါ့ကိုများ မောင်အဲ့ဒီမျက်လုံးတွေနဲ့ကြည့်ရင် ငါရူးတောင်သွားမလားနော်
ထို့နောက်မောင့်နှုတ်ခမ်းပါးတို့အား လက်ဖြင့် အသာအယာတို့ထိမိလိုက်သည် ရိပ်နှင့်ဆိုတင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းတွေက သူမကိုပြုံးပြနေလိုက်တာဆိုတာ ရိပ်တောင်ထိုမိန်းကလေးအား အားကျမိသည်အထိ ငါလည်းမောင့်အပြုံးတွေမြင်ချင်တယ်မောင်ရယ် ငါ့အတွက်ပြုံးပြမယ့် အပြုံးတွေကိုပေါ့မျှော်လင့်နေမိပါရဲ့.....တစ်ချိန်ချိန်ငါ့အတွက်ဖြစ်လာမယ့် မောင့်ရဲ့အရာအားလုံးကိုပေါ့
အနည်းငယ်လှုပ်ရှားလာသော မောင့်ခန္ဓာကိုယ်ကြောင့် မောင့်မျက်နှာပေါ်ကျရောက်နေသော မောင့်လက်အားသိမ်းကာ မျက်လုံးတို့အား စုံမှိတ်ချပစ်လိုက်သည်