Part (4)

1.3K 60 1
                                    

မျက်နှာပေါ်သို့ကျရောက်နေသော နေရောင်ခြည်တို့အား မျက်လုံးမှိိတ်ကာ ခံယူနေမိသည် အပင်အရိပ်တွေရှိသောကြောင့် ခြံထဲတွင် နေအပူဒဏ်က သိပ်မကျရောက်ပဲ အသင့်အတင့်နှင့် နေ၍ကောင်းသည်ဟုပြောနိုင်သည် ထို့ကြောင့် နေ့လည်ခင်းတွေဆို ခြံထဲတွင်သာ ရိပ်အချိန်ကုန်မိသည်ကနေ့တိုင်းလိုလိုပင် မြက်ခင်းပြင်ပေါ်တွင် အခင်းလေးခင်းကာ လှဲ၍နေရသည်မှာ သက်တောင့်သက်သာရှိလှသည် သစ်ရွက်တို့၏လှုပ်ခတ်သံညင်သာသာနှင့် လေအဝှေ့တွင် ရိပ်နှာသီးဝထံ လာရောက်ကျီဆယ်နေသော နှင်းဆီပန်းနံ့ခပ်သင်းသင်းတို့က စိတ်ကိုကြည်လင်စေသည်

ခြံထဲတွင် နှင်းဆီပန်းခင်းတစ်ခုလည်းရှိလေသည် ဘယ်လောက်အရွယ်အစားရှိလဲလို့သေသေချာချာမပြောတတ်ပေမယ့် အရမ်းလည်းမသေးသလို့ ကျယ်ပြန့်နေတာလည်းမဟုတ်ပေ  အိမ်နောက်ဘက်တွင် စိုက်ပျိုးထားသောကြောင့် ရိပ်တို့အခန်းမှလှမ်းကြည့်နေလျှင်ပင် နီနီရဲရဲနှင်းဆီပင်တို့အားမြင်ရလေသည် မြင်သာမြင် မကြင်ရဆိုသလို ရိပ်သည် ထိုပန်းတို့အား အကြည့်ဖြင့်သာကြည့်ပြီး ရနံ့အားရှူရှိုက်ရုံဖြင့်သာကျေနပ်ရလေသည် ထိုပန်းတို့သည် မောင်ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးထားခြင်းဖြစ်သဖြင့် ထိုပန်းတို့ရှိရာသို့ ရိပ်မသွားရဲချေ ထိုနေရာကို အိမ်ရှိအလုပ်သမားတွေကိုပါ မသွားရန်တားမြစ်ထားပေမဲ့ ရိပ်ကိုတော့ ဘာမှမပြောပေ ရိပ်ကပင်အလိုက်တသိနှင့် ထိုပန်းပင်တို့နှင့် ခပ်ဝေးဝေးမှနေသည်

နှင်းဆီပန်းရဲ့ အဓိပ်ပါယျက 'ကိုယ်မင်းကိုချစ်မိနေပြီတဲ့' မောင် ဘာလို့များ နှင်းဆီပင်ကိုစိုက်လဲမသိပေ တစ်ယောက်ယောက်ကိုများ ချစ်မိနေလို့လား ဒါမှမဟုတ် အကြောင်းပြချက်မရှိဘဲ ဒီအတိုင်းစိုက်ထားခြင်းဖြစ်သည်လားဆိုတာတော့ မောင်ကိုယ်တိုင်သာသိလိမ့်မည်

မောင်ချစ်တဲ့သူက ရိပ်ဖြစ်ပါစေဟုသာ ဆုတောင်းနေမိသည်.....

**********

ရိပ်တစ်ယောက် ဧည့်ခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေကာ လည်တဆန့်ဆန့်နှင့်

မောင်က ဒီရက်ပိုင်းနောက်ကျမှ အိမ်ပြန်လာတတ်သည် တစ်ရက်နှစ်ရက်ပင်မဟုတ် ညတိုင်းလိုလိုပင်ဖြစ်သည်

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now