မောင်နဲ့ရိပ် ကုန်တိုက်ကိုပတ်ပြီးသွားတော့ တစ်ခုခုစားဖို့အတွက် ကုန်တိုက်ရဲ့တတိယထပ်မှာရှိတဲ့ cakeဆိုင်သို့ရောက်လာခဲ့သည် ဆိုင်ရဲ့အပြင်အဆင်က အညိုနဲ့အဖြူကိုသုံးထားပြီး ဝါကျင်ကျင်မီးလုံးလေးတွေနှင့်ပင် ကြိမ်နှင့်ရက်လုပ်ထားသောပစ္စည်းများဖြင့် အလှဆင်ထားပြီး ဆိုင်ထဲကိုဝင်လိုက်တာနဲ့ coffeeနံ့သင်းသင်းလေးနဲ့ အချိုမုန့်တို့ရဲ့ချိုအီတဲ့အရသာလေးကိုရသည် ရွေးချယ်စရာအမျိုးအစားလည်းများပြီး အရသာတွေကိုလည်းသီးသန့်ခွဲထားသေးသည် ရိပ်ကတော့ chocolate ကြိုက်သူမို့ chocolateနှင့်လုပ်ထားသော မုန့်များရှိရာဘက်သို့သွားလိုက်လေသည်
"ဘယ်ဟာစားမှာလဲ"
"Chocolate cake"
"ပြီးတော့ရော"
"အင်း.....Black coffee"
"No..နွားနို့ပဲသောက်ရမယ်"
"မောင်ကလည်း"
"မောင်ကမလဲဘူး"
"မောင်ကြတော့ black coffee သောက်ပြီးတော့"
"မောင်ကရတယ် ငယ်ကမရဘူး နွားနို့ပဲသောက်ရမယ် ဘယ်တစ်ခုစားမှာလဲ ရွေး"
မုန်းစကားကိုပြန်မဖြေပဲ နှုတ်ခမ်းလေးဆူနေသူက ဖျစ်ညစ်ချင်စရာ မုန်းနဲ့အိမ်ထောင်ကျပြီးတော့ သူ့ကိုဘယ်နှစ်ခါများ အဲ့လိုအခါးတွေကျွေးဖူးလို့လဲ
"မစားတော့ဘူးလား"
"မစားဘူး"
သူ့အဖြေကြောင့် ရိပ်မျက်ခုံးတစ်ဖက်ကော့တက်သွားမိသည် အစားပုတ်လေးက အစားတောင်မစားတော့ဘူးတဲ့လေ
"လာ ဒါဆိုလည်း ပြန်ကြမယ်"
သူကရွဲ့တော့ ကိုယ်ကလည်းပြန်ရွဲ့ကာ သူ့လက်ကိုဆွဲပြီးဆိုင်ပြင်သို့ထွက်ရန်ကြံတော့ မုန်းလက်မှရုန်းပြီး
"လာမကိုင်နဲ့! အိမ်ရောက်တာနဲ့ ကိုယ်အထုပ်ပိုးကိုယ်ပြင်ပြီး အိမ်ပေါ်ဆင်း"
ထိုစကားကြောင့် မုန်းမှာရယ်ရခက် ငိုရခက်နှင့် ကိုယ့်အဖြစ်က အိမ်ပေါ်ကနေတောင် ဆင်းရတော့မယ်တဲ့
"တကယ်ပြောနေတာလား"
"တကယ်ပြောနေတာ နောက်နေတယ်ထင်လို့လား"
