"မောင်လို့ခေါ်""ဟင်"
သူ့အားမောင်လို့ခေါ်ခိုင်းတော့ မုန်းအားပြူးတူးကြောင်တောင်ဖြင့်ကြည့်လာလေသူက တကယ့်အသည်းယားစရာပင်
"ကျုပ်ကိုမောင်လို့ခေါ်လို့ပြောတာ ဘာလဲ လူကြားထဲမှာနာမည်တပ်ပြီးခေါ်မလို့လား"
"ဟင့်အင်း"
"ခေါ် မောင်လို့"
"ဟင်"
"ကျစ်! ဘာကိုကြောင်နေတာလဲ အခုထဲကအလေ့အကျင့်ဖြစ်အောင်ခေါ်ခိုင်းနေတာခေါ်"
"အင်း..အင်းပါ..မောင်"
"အင်းရပြီ ကျုပ်ရေသွားချိုးတော့မယ် ခင်ဗျားအိပ်တော့"
"အင်းအင်း"
"ခနလေး"
"ဟင်"
"မောင်လို့သုံးခါခေါ်ပြီးမှအိပ်"
"မောင် မောင် မောင်"
"ရပြီ အိပ်တော့"
"အွန်း"
အိပ်ရာပေါ်ကိုလုံလုံးလေးပြေးတက်သွားသူအားကြည့်ပြီး ပြုံးရပြန်လေသည် ဒိီနေ့ကသူတို့နှဈယောကွ၏ မင်္ဂလာဦးညပင် မုန်းအခန်းထဲသို့ဝင်လာကတည်းက ကုတင်ပေါ်တွင်ထိုင်ကာ ချွေးတို့ပြန်နေသူကြောင့် ရေအရင်ချိုးခိုင်ပြီး သိပ်ရသည် အတင်းအကြပ်မရယူလိုပါ သူ့ကိုပိုင်ဆိုင်ပြီးပြီပင် ကျန်တာတွေဟာနောက်မှတစ်ဆင့်ချင်းလုပ်ယူ၍ရလေသည် သူကြောက်သွားမည်ကိုဆိုးပါသည် မုန်းရဲ့အရိပ်အောက်မှာ သူ့ကိုငြိမ်ငြိမ်ချမ်းချမ်းသာရှိနေစေချင်သည် အပူပင်ကင်းတဲ့ဘဝမျိုးမှာနေနိုင်အောင် သူဖန်တီးပေးမည် မျက်နှာတစ်ချက်မငြိုးရလေအောင်သူထားမည်
ကျုပ်ရဲ့အရိပ်အောက်မှာ လိုလေသေးမရှိအောင်ထားမှာမို့ ထွက်တော့မသွားလိုက်နဲ့ငယ်
ရေချိုးပြီးတာနဲ့ မွေ့ယာပေါ်မှာ အပူအပင်ကင်းစွာအိပ်စက်နေသော လူသားလေးဘေးသို့ သွားကာရင်ခွင်ထဲထည့်ဖက်၍အိပ်လိုက်လေသည်က ပါးကိုတရွတ်ရွတ်နမ်းနေတာကိုတောင်မှ အိပ်ပုတ်လေးကတစ်ချက်မှမနိုးပေ
ကျုပ်ရင်ခွင်ထဲမှာပဲနေပါငယ် နွေးထွေးမှု့တွေပေးနိုင်အောင် ကျုပ်ကြိုးစားမှာမို့ ကျုပ်ကိုမထားခဲ့ပါနဲ့