Part (22)

1.1K 35 1
                                    

ဘုန်း*

"အင့်"

ရိပ်အား loveseatသို့ထည့်ကာ တံခါးကို ဘုန်းကနဲမြည်အောင်ပိတ်ပြီး မောင်က driverseatတွင်ဝင်ထိုင်လေသည် ရိပ်တို့ကားစထွက်သည်နှင့်တပြိုင်နက် အနောက်မှအနက်ရောင်ကားများကလည်း လိုက်လာကြလေသည်

ဒေါသထွက်နေတဲ့မောင်က ကားစီယာတိုင်ကို ဆုပ်ကိုင်ထားသည်မှာ  အင်္ကျီလက်ကိုခေါက်တင်ထားသဖြင့် လက်ဖျံတစ်လျှောက် သွေးကြောတွေကထောင်ထနေသည် အံကိုတင်းတင်းကြိတ်ထားပြီး မျက်နှာတစ်ခုလုံးသည်မက လည်ပင်းတွေပါ နီရဲနေလေသည် ကားကိုမောင်းနေသည်မှာလည်း အရှိန်ကိုဂိတ်ဆုံးထိတင်ထားလေသည်

"မောင်"

"ကျုပ်လူသတ်ချင်နေတာနော်! အသံထွက်မလာနဲ့"

အန္တာရာယ်များသဖြင့် ကားကိုအရှိန်လျှော့ရန် ပြောမည့်ရိပ်အား မောင်က အံကြိတ်သံကြီးဖြင့်ပြန်ဖြေလေသည်

ကျွီ~~

ဘန်း*

ရိပ်မှာမောင့်ကိုကြောက်ကြောက်ဖြင့်သာ လိုက်လာခဲ့ရ၍ အိမ်ကိုဘယ်လိုပြန်ရောက်သည်ပင်မသိတော့ အိမ်ရှေ့အရောက် ဘရိတ်ကို ဆောင့်အုပ်ကာ ကားထဲမှထွက်၍ ရိပ်ဘက်သို့လာပြီး ဆွဲထုတ်လေသည်

အိမ်ထဲတွင် ကြီးကြီးထားနှင့် ကျန်အလုပ်သမားများအားလုံးကအလုပ်လုပ်နေကြဆဲပင် ကားသံကိုကြား၍ အားလုံးက အိမ်အပေါက်ဝဘက်သို့လှမ်းကြည့်နေကြသည်

"အကုန်လုံးထွက်သွား! မခေါ်မချင်းတစ်ယောက်မှမလာကြနဲ့ သွား!!!"

မောင့်အပြောကြောင့် အားလုံးက လုပ်နေသည့် အလုပ်များကိုရပ်ကာ အိမ်ထဲမှခပ်သုတ်သုတ်ထွက်သွားလေသည်

ကြီးကြီးထားက ရိပ်အား စိုးရိမ်သည့်အကြည့်တို့ဖြင့်ကြည့်လာ၍ ရိပ်စိတ်မပူစေရန် ခေါင်းခါပြလိုက်လေသည်

ရိပ်အား အပေါ်ထပ်သို့ အကြမ်းပတမ်းဆွဲကာ ခေါ်သွားသောမောင့်နောက် ရိပ်မျက်ရည်လေးဝဲတဲတဲဖြင့်သာလိုက်လာလိုက်သည် လက်ကနာနေပေမယ့်လည်း ရိပ်မှာအသံမထွက်ရဲပေ

ဝုန်း*

အခန်းထဲအရောက် ရေချိုးခန်းတံခါးကိုဆောင့်ဖွင့်ကာ ရိပ်အားbathtub ထဲထည့်ပြီး ရေပန်းအားဖွင့်ချလိုက်လေသည်

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now