"မောင်"
"ဗျာ"
ရိပ်နိုးလာကတည်းက မောင်ကိုယ်တိုင်မျက်နှာသစ်သွားတိုက် ရေမိုးချိုးပေးကာ အင်္ကျီကအစကိုယ်တိုင်ဝတ်ပေးလေသည် အခုလည်း ရိပ်အားကုတင်ပေါ်တွင်တင်ကာ ရိပ်ပေါ်မှငုံ့မိုးလျှက် အင်္ကျီကြယ်သီးတပ်ပေးနေသောမောင့်အားခေါ်နေခြင်းပင်
"မောင်"
"ဗျာ"
"မောင်"
"ဗျာ"
"ဟိဟိ..မောင်ဗျာလို့ထူးရင်..ငါကြိုက်တယ်"
"ဟုတ်ပါပြီဗျာ..လာထအောက်ဆင်းကြမယ်"
ပြောပြီးမောင်ကရိပ်အားပွေ့ချီလိုက်လေသည် ရိပ်ကတော့မောင့်ကိုယ်ပေါ်တွင် ဖားပျံလေးပမာကပ်တွယ်လျှက်
အခုဆိုမောင်က ရိပ်နှင့်ပတ်သတ်သည့်အရာမှန်သမျှကိုသူကိုယ်တိုင်သာလုပ်ပေးလေသည် မသိရင်ရိပ်ကကလေးဖြစ်ပြီး မောင်ကတော့ကလေးအဖေကြီးကိုကြလို့ အရင်ကထက်လည်းပိုပြီးဂရုစိုက်ပေးသည် မောင်ကအခုတလောအလုပ်တွေများနေတယ်ထင်သည် ညဆိုနည်းနည်းနောက်ကျတတ်လာသည် သို့ပေမယ့်မနက်ပိုင်းတွင်တော့ ရိပ်ဝေယျာဝေစ္စအားလုံးလုပ်ပေးပြီးမှရုံးကိုသွားလေသည် မောင်ရှိနေရင်ရိပ်မှာ လက်လေးတစ်ချောင်းပင်လှုပ်စရာမလိုလောက်အောင် ရိပ်ဘာလုပ်ချင်လဲဆိုတာ မပြောပဲသိလေသည်
"ပိတ်ရက်ကြရင် ရုပ်ရှင်သွားကြည့်ကြမယ်နော်"
မောင်က ရိပ်နှာခေါင်းလေးအား သူ့နှာခေါင်းဖြင့်ဘယ်ညာပွတ်ဆွဲကာ ပြောလာတော့ ရိပ်ခေါင်းငြိမ့်ကာ ဖြေလိုက်လေသည်
"အင်း"
"မောင်ခုတလော အလုပ်နည်းနည်းရှုပ်နေလို့ ငယ့်အနားမှာအချိန်ပြည့်မနေပေးနိုင်ဘူး မောင်တောင်းပန်ပါတယ်နော်"
ပေါင်မုန့်လေးအား တစ်ကိုက်စာအနေအထားဖဲ့ပြီး နို့ပူပူလေးနှင့်တို့ကာ ရိပ်အားခွံ၍ပြောလာသောကြောင့် ရိပ်ပေါင်မုန့်လေးအားဝါးကာ
"တောင်းပန်စရာမလိုပါဘူးမောင်ရဲ့...ငါနားလည်ပါတယ်..အခုလိုလေးလည်းကောင်းပါတယ်"