Part (38)

799 22 2
                                    

ဒေါက်*ဒေါက်*

"ဝင်ခဲ့ပါ"

တမာန့် ဒယ်ဒီ့ကိုဆန်ပြုတ်ကျွေးနေရင်း တံခါးခေါက်သံကြား၍ပြောလိုက်တော့ ဝင်လာသည့်သူက အိမ်တော်ထိန်း ဦးချိုပင်

"ဘဘချိုဘာလို့လဲဟင်"

ဦးချိုက တမာန်ငယ်ငယ်ကလေးတည်းကထိန်းလာခဲ့သည့်သူမို့ တမာန်ရဲ့ ဒုတိယအဖေလို့တောင်ပြောနိုင်လေသည် တမာန့်အားအချိန်သိပ်မပေးနိုင်ခဲ့သည့် ဒယ်ဒီ့အစား ဘဘချိုကပင် အရိပ်တကြည့်ကြည့်နှင့် စောင့်ရှောက်ပေးခဲ့သည် အလုပ်ရှင်၏သားမို့လို့ မဟုတ်ဘဲ သူ့ရဲ့သွေးသားရင်းချာလို ဂရုစိုက်ပေးခဲ့တာပင် ထို့ကြောင့်ဒယ်ဒီပြီးရင် ဘဘချိုက တမာန့်အလေးစားဆုံးနှင့် အချစ်ဆုံးပင်

"အောက်ထပ်မှာဧည့်သည့်ရောက်နေလို့ သားနဲ့တွေ့ချင်လို့တဲ့"

"ကျွန်တော်နဲ့.."

တမာန်ခဏမျှကြောင်သွားမိသည် အိမ်ကိုလာစရာသူငယ်ချင်းတောင်မရှိသည့်သူက အခုတော့သူဆီဧည့်သည်ကရောက်လာသည်တဲ့ ဘယ်သူဖြစ်နိုင်မလဲဆိုတာ သူတွေးနေတုန်း ဒယ်ဒီ့ဆီကအသံထွက်လာလေသည်

"သွားကြည့်လိုက်လေသား...အိမ်ကိုတောင်တကူးတကလာတာဆိုတော့ အရေးကြီးတဲ့သူဖြစ်လိမ့်မယ်ထင်တယ်"

"ဟုတ်ကဲ့..ဒယ်ဒီ..ဘဘချို ဒယ်ဒီ့ကိုဆန်ပြုတ်လေးကျွေးပေးထားဦးနော် သားသွားကြည့်လိုက်ဦးမယ်"

"ဟုတ်ပြီ ဘဘကျွေးထားလိုက်မယ်"

ဒယ်ဒီအား ဘဘချိုနှင့်လွှဲထားခဲ့ကာ တမာန်အောက်ထပ်သို့ဆင်းလာခဲ့သည် အခုဆိုအိမ်မှာလူဆိုလို့ သူရယ် ဒယ်ဒီရယ် ဘဘချိုရယ်ပဲကျန်တော့တာဖြစ်သည် ကျန်တဲ့အလုပ်သမားများကိုတော့ ရှိတဲ့ပစ္စည်းလေးတွေထုခွဲရောင်းချပြီး ရလာသည့်ပိုက်ဆံကိုအညီအမျှခွဲဝေပေးလိုက်ကာ ကိုယ့်အိမ်ကိုယ်ပြန်စေလိုက်သည် အားလုံကသံယောဇဥ်ရှိကြသည်မို့ ထွက်ခွာသွားသည့်အချိန်တွင် မျက်ရည်လေးတစမ်းစမ်းနှင့်မသွားချင်ကြပေ သို့ပေမယ့်မသွားလို့မရပေ ဒီအိမ်မှာဆက်နေရင် သူတို့ဘဝရှေ့ဆက်ဖို့ဖြစ်နိုင်မည်မဟုတ်ပေ အားလုံးကအရွယ်ကောင်းလေးတွေမို့ အပြင်မှာသူတို့နဲ့သင့်တော်တဲ့အလုပ်ရှာတာဖြစ်ဖြစ် ပေးလိုက်သည့်ငွေတွေနှင့် ရင်းနှီးစားသောက်သည်ဖြစ်ဖြစ် တစ်ခုခုတော့လုပ်နိုင်ကြလိမ့်မည် မနက်ဖြန်ဆိုတာမသေချာတော့တဲ့ ထိုအိမ်ထဲမှာသူတို့ကိုဆက်ပြီးအလုပ်မလုပ်စေချင်တော့ပါ အခြေအနေတွေက အရင်နဲ့မှမတူတော့ပဲလေ

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now