Part (11)

1.4K 55 1
                                    


ဆိုင်အပြင်ဘက်တွင် နှင်းတွေကတဖွဲဖွဲကျနေသည်မှာ လမ်းတွေပင် အဖြူရောင်သို့ပြောင်းသွားသည်အထိ ဆိုင်အတွင်းတွင်တော့ ကော်ဖီနံ့ကသင်းပျံနေကာ နွေးနွေးထွေးထွေးရှိလှသည် တစ်ယောက်သောသူဆိုင်ကိုမလာတာ ၃လတိတိရှိပြီဖြစ်သည် အခုတစ်လော စာမေးပွဲကြောင့်သူလည်းဆိုင်မှာအချိန်ပြည့်ရှိမနေနိုင်ချေ ထိုစာမေးပွဲပြီးတာနှင့် ကျောင်းတက်သည့်ကာလ ပြီးဆုံးပြီမို့ သူပိုင်သောလုပ်ငန်းများကိုဦးစီးတော့မည်ဖြစ်သည် ကိုယ်တိုင်ကအရည်အချင်းရှိတာကြောင့်ရော ဦးလေးဖြစ်သူ၏လမ်းပြမှု့တို့ကြောင့် မိခင်ပေးခဲ့သည့်အမွေများဖြင့် အရင်းအနှီးလုပ်ကာ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတည်ထောင်နိုင်ပြီးဖြစ်သည် သူများတွေထက် စီးပွားရေးအကွက်ကြိုမြင်သောကြောင့် သူ့လုပ်ငန်းတွေဟာ တစ်စထက်တစ်စပိုကြီးပွားလာလေသည် လူလုံးထွက်မပြသည့်အပြင် နောက်ကွယ်ကနေသာညွှန်ကြားသောကြောင့် သူဘယ်သူဘယ်ဝါဆိုတာ မည်သူမှမသိချေ

ကိုယ်ပိုင်လုပ်ငန်းအားပစ်ထားပြီး coffeeဆိုင်တွင် အလုပ်လုပ်ရသည်အထိ တစ်ယောက်သောသူက သူ့အတွက်သိပ်ကိုအရေးပါလေသည်

ဆိုင်တံခါးဆီသို့ ခပ်တွေတွေငေးကြည့်နေရင်း ဆိုင်ထဲသို့ဝင်လာသောသူကြောင့် သူ့မျက်နှာဟာရုပ်ချည်းပြောင်းလဲသွားလေသည် ပေါ့ပေါ့ပါးပါးဝတ်စုံများသာ ဝတ်ဆင်တတ်လေသူက ယခုတော့suitဝတ်ထားသဖြင့် လူကြီးပုံဖမ်းနေသော ကလေးပေါက်စလေးသကဲ့သို့ ဆံပင်တို့အားအပေါ်သို့ လှန်ကာသိမ်းထားပြီး မျက်မှန်တပ်ထားပုံက ထက်မြတ်သည့်အမျိုးသားတစ်ယောက်၏ပုံပေါ်စေသော်လည်း သူ့အတော့ကတော့ မျက်မှန်ဝိုင်းလေးတပ်ထားသော ကလေးပေါက်သာသာ

မတွေ့ရသည့်ရက်တွေအတွင်း မျက်နှာလေးဟာချောင်ကျသွားပြီး အနည်းငယ်နွမ်းနယ်နေလေသည် အရင်လိုအပြုံးတွေနှင့်တောက်ပမနေတော့ဘဲ မှေးမှိန်နေသော မျက်ဝန်းတို့ကြောင့် မုန်း ရင်ထဲတင်းကြပ်လာရသည်

ဘာတွေများကြုံနေရလို့လဲ...ခင်ဗျားရယ်....

အရင်ဆို နွားနို့ပူပူလေးသာသောက်သည့်သူက ယခု black coffeeအားမှာယူလာသည်ကြောင့် အံ့ဩရသည်က မုန်း ပင်

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now