"ခန့်ညား"
ရိပ်ခေါ်လိုက်တော့ ပြုံးပြလာကာ ရိပ်ထံသို့လျှောက်လာပြီး
"အရိပ်ကလေး စိမ်းကားလိုက်တာကွာ အရင်လိုမောင်လို့မခေါ်တော့ဘူးလား"
ရိပ် ခန့်ညားအားပြန်ပြောဖို့ပါးစပ်ဟတုန်း တင်းကြပ်သွားသောခါးနှင့်အတူ အရင်အုပ်ကျယ်ကျယ်အတွင်းသို့ရောက်ရှိသွားလေသည်
"မောင်"
မောင်က ခန့်ညားအားစိုက်ကြည့်နေလျှက် ရိပ်ခါးအားဖက်ထားသည်မှာ ခါးပင်ကျိုးတော့မတတ် မောင်ဘာဖြစ်နေလဲဆိုတာ ရိပ်နားမလည်ပေ
မောင့်လက်နှင့် ကြမ်းကြမ်းဖိကိုင်ခံထားရသော ရိပ်ခါးလေးနာကျင်လွန်းသောကြောင့် မောင့်လက်အားတွန်းကာရုန်းလိုက်တော့ မောင့်ရဲ့အကြည့်စူးစူးတွေက ခန့်ညားမှ ရိပ်ဆီသို့ရောက်ရှိလာလေသည်"ငြိမ်ငြိမ်နေစမ်း!"
"မောင် ငါနာနေပြီ"
ထိုအခါမှ ပြေလျော့သွားသော ခါးမှတင်းကျပ်မှု့နှင့်အတူ ရိပ်လည်းခုမှ အသက်ဝဝရှူရလေတော့သည်
ရိပ်တို့နှစ်ယောက်အား ပြုံးကာကြည့်နေသော ခန့်ညားကြောင့် ရိပ်ချောင်းတစ်ချက်ဟန့်လိုက်ကာ ခန့်ညားအားထိုင်ရန်ပြောပြီး ရိပ်လည်း ခန့်ညားရှေ့တွင်ဝင်ထိုင်လိုက်လေသည် မောင်ကတော့ ရိပ်ခါးအား တစ်ချက်မှမလွှတ်ဘဲ ရိပ်အားဖက်ထားသည်မှာ သူ့ရင်ခွင်ထဲသို့ဝင်လုမတတ်ပေ
"အဟမ်း ခန့်ညား ထိုင်လေ"
"တော်သေးတာပေါ့ အရိပ်ကလေးက ကိုယ်ရှိတာကိုမေ့နေပြီတောင်ထင်နေတာ"
"မေမ့ပါဘူးကွာ ဒါနဲ့မင်းဘယ်လိုရောက်လာတာလဲ"
"အရိပ်ကလေးကိုတွေ့ချင်လို့"
"ငါဒီမှာနေတယ်ဆိုတာ ဘယ်လိုသိတာလဲ"
"စုံစမ်းရတာပေါ့ကွာ ပြီးတော့ ကိုယ်ဒီနိုင်ငံမှာအခြေချတော့မှာလေ"
"တကယ်"
"တကယ်ပေါ့ အရိပ်ကလေးရဲ့ အရိပ်ကလေးကအရင်အတိုင်းပဲနော် တစ်ခုခုကိုအံ့ဩသွားတိုင်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပြန်ကြည့်တတ်တာ ကိုယ်တကယ်သဘောကျတယ်"