မုန်းရန်ခက်တစ်ယောက် လေဆိပ်တွင် အမရာ အားသွားကြိုလာကာ ကားကိုအမြန်နှုန်းဖြင့်မောင်းပြီး အိမ်ပြန်လာခဲ့လေသည် ဘာလို့မှန်းမသိ သူ့စိတ်တွေလေးနေသလိုပင်"မုန်းရန်ခက်ရယ် ဖြေးဖြေးမောင်းပါဟယ် ငါလင်တောင်မရသေးဘူး မသေချင်သေးဘူးဟဲ့"
"နားငြီးတယ်! ပါးစပ်ပိတ်ထား! ဒါတွေအားလုံးနင့်ကြောင့်နော် အမရာ"
"ဟင် ငါဘာလုပ်မိလို့လဲ"
"နင်ဘာလုပ်လဲဆိုတာ နင်မမှတ်မိဘူးလား!"
မုန်းရန်ခက် အမရာအား စူးစိုက်ကြည့်ကာပြောလိုက်တော့ တစ်ဖက်သို့မျက်နှာလွှဲသွားပြီး
"အေးပါငါသိပါတယ် အဲ့တာကြောင့်မို့အခုလာတယ် မဟုတ်လား"
"ပြဿနာတွေ ဖြေရှင်းလို့မရတော့ရင် နင်သေဖို့သာပြင်!!"
မုန်းရန်ခက်အပြောကြောင့် အမရာ တံတွေးပင်မျိုချလိုက်မိသည် ဒင်းကပြောရင်ပြောတဲ့အတိုင်းလုပ်တတ်သူမို့ပင် မတတ်နိုင် နင်ရှုပ်တဲ့ဇာတ်လမ်း နင့်ဘာသာနင်ရှင်းတော့ အမရာရေ...
မုန်းရန်ခက် အိမ်ကိုရောက်တော့ ကားပေါ်မှအမြန်ဆင်းလိုက်ကာ အိမ်ထဲသို့ပြေးဝင်သွားလိုက်သည်
ကျေးဇူးပြုပြီး......
အိမ်တစ်အိမ်လုံးကတိတ်ဆိတ်လျှက်ပင် ဧည့်ခန်းထဲတွင်လည်း လူတစ်ယောက်မှရှိမနေချေ ခဲဆွဲထားသလို လေးလံနေသောစိတ်တို့ကို ဥပေက္ခာပြုကာ အိမ်အပေါ်ထပ်သို့တက်သွားလိုက်သည်
မဟုတ်လောက်ပါဘူးနော်....မဖြစ်နိုင်ဘူးမှတ်လား.....
အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ မြင်နေကျပုံရိပ်လေးကိုမမြင်ရဘဲ တစ်ခန်းလုံး လူအရိပ်အယောင်ပင်မရှိ
လေးလံသော ခြေထောက်တို့ဖြင့် အဝတ်ဗီဒိုဆီသို့ ဦးတည်သွားလိုက်ကာ ဗီဒိုအားဆွဲဖွင့်လိုက်လေတော့ လွတ်နေသောနေရာတချို့တွင် အဝတ်တို့ရှိမနေတော့ချေ
"ဟာကွာ!! တောက်စ်!!"
မုန်းရန်ခက် အလျင်အမြန်ပင် အိမ်အောက်ထပ်သို့ပြန်ဆင်းလာကာ
![](https://img.wattpad.com/cover/306089413-288-k541843.jpg)