Part (31)

850 24 1
                                    


"ငယ်"

ခေါ်နေတာကိုလှည့်မကြည့်ဘဲ ကားပေါ်မှဆင်းကာအိမ်ထဲသို့ဝင်သွားလေသည်

"ငယ့်!!!"

မုန်းအော်ခေါ်သံက အိမ်ထဲတွင်ဟိန်းကနဲ သို့ပေမယ့် တစ်ယောက်သောသူကတော့ ဂရုမစိုက်စွာလှေကားပေါ်သို့ ခြေဆောင့်ကာတက်သွားလေသည်

မုန်းသက်ပြင်းတစ်ချက်ချလိုက်ကာ စိတ်ကောက်နေသောသူအားချော့ရန် အပေါ်သို့လိုက်တက်ရလေသည်

မုန်းတို့ရုပ်ရှင်ကြည့်ပြီးအပြန် သူသွားချင်သည့်နေရာများသို့လျှောက်လည်ကြသေသည် ပြဿနာကညနေစာစားရန် ဆိုင်ရွေးရာမှစ၏ မုန်းကဘိုကင်လုပ်ထားသောဆိုင်သို့ခေါ်သွားသော်လည်း သူကမဟုတ် ပင်လယ်စာဆိုင်ကိုသွားမည်တဲ့လေ သေချာသည်ကတော့နီနီရဲရဲနှင့်အစပ်ဟင်းတွေစားဖို့သာ ဟိုတစ်ခါမုန်းမပါဘဲသွားစားပြီး ညကျတော့ဗိုက်တွေအောင့်ပြီးဆရာဝန်ပါခေါ်ရသည်အထိပင် အဲ့ကတည်းကနောက်တစ်ခါဆိုအစပ်တွေမစားဖို့ပြောပြီးသား ဒါကိုသူကနားမထောင် ဒီနေ့ထပ်စားဖို့လုပ်လေသည် ထိုနေ့က ဗိုက်အားလက်ဖြင့်ဖိကာ ချွေးစေးတွေထွက်ပြီးအော်နေသည့်ပုံစံလေးက မုန်းမျက်လုံးထဲကအခုထိမထွက်ပေ သူတစ်ခုခုဖြစ်ရင်ပျာယာခတ်ကာ ရင်ပူရသည်ကမုန်းသာ မတည့်မှန်းသိရက်နဲ့ကို စားချင်သည် မုန်းကတားတော့ မုန်းကိုစိတ်ကောက်ကာ စကားမပြောပေ

"ငယ်"

အခန်းတံခါးအားတွန်းဖွင့်ကာဝင်လိုက်တော့ စိတ်ကောက်နေသူလေးက ကုတင်ပေါ်တွင်လှဲနေလေသည်

"ငယ်"

ကုတင်ပေါ်တက်ပြီး ကိုယ်လုံးလေးအားဖွဖွလေးလှုပ်ကာ ခေါ်တော့လှည့်မလာပဲ မျက်လုံးများကိုမှိတ်ပစ်လိုက်လေသည်

"ငယ် ကိုယ့်ကိုစိတ်ကောက်နေတာလား"

"....."

"မောင်ကငယ်နဲ့မတည့်လို့မကျွေးတာလေကွာ"

"......"

"ငယ် မောင့်ကိုကြည့်ပါဦး..စကားမပြောပဲမနေပါနဲ့ကွာ...ငယ်လို့"

"......"

မုန်းဘယ်လိုလှုပ်ကာ ခေါ်နေပါစေ ကောက်စိန်လေးက တုပ်တုပ်တောင်လှုပ်မလာပေ လက်လေးကိုပိုက်ကာ မျက်လုံးကိုမှိတ်ထားလေသည် သူစိတ်ဆိုးနေသည်ပေါ့ စိတ်ကောက်တာတောင် ချစ်ဖို့ကောင်းအောင်နေတတ်လေသည် ဆွဲဆက်ပြီးသာ နမ်းလိုက်ရရင် ချော့လို့ဆုံးတော့မည်မဟုတ်

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now