The End

1.2K 20 4
                                    

သွယ်တန်းထားသောဆေးပိုက်တွေနှင့် နှလုံခုန်တိုင်းတာသည့်စက်တို့ကြား ငယ့်ကိုယ်လုံးလေးကနစ်မြုပ်နေသည် တစ်လဆိုသည့်အချိန်တစ်ခုကြာသွားပေမယ့် ငယ်ဟာကုတင်ထက်လှဲလျှောင်းနေဆဲပင် ဧည့်တွေချိန်မှသာ ကုသဆောင်ထဲဝင်၍ ငယ့်အားအနီးကပ်တွေ့ရလေသည် ကျန်သည့်အချိန်များဆို မှန်အကြည်ကာရံထားသော အခန်း၏အပြင်ဘက်တွင်သာ ငယ့်ကိုကြည့်ရင်းအချိန်ကုန်ရသည် ဘယ်ကိစ္စမှငယ့်လောက်အရေးမကြီးပေ

ကုတင်ပေါ်လှဲနေသည့်လူသားလေးက အလွန်အားနည်းနေသည် ထိလိုက်ရင်ပျောက်ကွယ်သွားတော့မလို မုန်းမှာမထိရက်မကိုင်ရက် အရာရာကိုသတိထားနေရသည် ဖြူဖျော့နေသောကိုယ်လေးက ပိုက်နဲ့အစာတွေသွင်းပေမယ့် တဖြည်းဖြည်းပိန်လှီလာသည် အရင်ကတည်းကလူကောင်သေးသေးလေးက အခုဆိုမုန်းရင်ဘတ်တစ်ခြမ်းစာလောက်သာရှိတော့သည် ဆေးပိုက်များအထပ်ထပ်ထိုးသွင်းခံရမှု့ကြောင့် လက်ဖမိုးလေးမျာက အပ်ပေါက်ရာတို့ဖြင့်ယောင်ရမ်းနေသည်

လက်ဖဝါးလေးအားဖွဖွဆွဲယူကာ အနမ်းပေးမိတော့ လှိုက်တင်လာသည့်ခံစားချက်တို့က လက်ဖမိုးလေးအားစိုစွတ်စေခဲ့သည်

ငယ့်အခြေအနေဟာအခုထိစောင့်ကြည့်နေဆဲမို့ ပိုးသတ်ခန်းထဲမှမထွက်ရသေးပေ ကားနှင့်တိုက်မိသည့်အပြင် မြေပြင်နှင့်ခပ်ပြင်းပြင်းရိုက်ခတ်မိတာမို့ ကျောရိုးတစ်လျှောက်အက်သွားပြီး ဦးခေါင်းခွံကိုလည်းအပြင်းအထန်ထိခိုက်ခဲ့သည် ထပ်စောင့်ကြည့်လို့မှအခြေအနေမထူးခဲ့ရင် ငယ့်ကိုဦးနှောက်သေသည့်လူနာအဖြစ်စာရင်းသွင်းမည်တဲ့ ထိုစကားကိုဆရာဝန်ပြောတုန်းကဆို မုန်းမှာအလဲလဲအပြိုပြို သို့ပေမယ့် ငယ့်ကိုသူယုံသည် ငယ်ကကတိဖျက်မည့်သူမဟုတ် ငယ်ကကျိန်းသေပေါက်မုန်းဆီပြန်လာမှာဖြစ်သည်

အိပ်မရသည့်ညတွေကြောင့် ကျိန်းစက်နေသည်မျက်လုံးတွေက မျက်ရည်ကျနေသည်မို့ ပူလောင်ကာခံနိုင်ရည်တို့ကုန်ဆုံးလျက် လက်ဖဝါးနုနုအားပါးပြင်ပေါ်အပ်ကာ ကုတင်ပေါ်ခေါင်းလှဲ၍ ငယ့်အားတစိမ့်စိမ့်ကြည့်နေပြီးနောက် လေးလံလာသောမျက်ခွံတို့အား အနားယူခွင့်ပေးလိုက်သည်

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now