ပါးပြင်ပေါ်တွင် မျက်ရည်ပူတချို့စီးဆင်းနေလျှက် အသက်မဲ့နေသောမျက်ဝန်းတို့က ရှေ့မှမျက်နှာကျက်ဖြူဖြူအား စိုက်ကြည့်နေရာမှ အကြည့်တို့အား ဘေးဘက်သို့ရွှေ့လိုက်တော့ ရိပ်ဘေးတွင် အိပ်ပျော်နေသော မောင်က အပူအပင်ကင်းလျှက်
အခန်းထဲတွင် နာရီလက်တံတို့ရွှေ့လျားသံမကိုပင်ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်လျှက် ကုတင်ဘေးရှိ စားပွဲပေါ်တွင်တင်ထားသော နာရီအားကြည့်မိတော့ မနက်၄နာရီပင်ခွဲနေပြီဖြစ်သည်
အခန်းတွင်းရှိအအေးဓာတ်အပြင် အပြင်ဘက်ရာသီဥတု၏ အအေးဒဏ်တို့ကြောင့် စောင်ပါးလေးပင်မရှိသော ကိုယ်လုံးလေးကခိုက်ခိုက်တုန်အောင်ချမ်းနေပြီး နာကျင်မှု့တို့ကြောင့် ခြေလက်တို့ပင် လှုပ်ရှားဖို့အားမရှိနေချေ အညှာအတာမဲ့စွာကိုက်ထားခဲ့သော နှုတ်ခမ်းတို့က သွေးစတို့ဖြင့် ခြောက်သွေ့နေပြီး ပါးစပ်ပင်မဟနိုင်လောက်အောင် လည်ချောင်းတစ်လျှောက် ခြောက်ကပ်ကာ ခပ်စူးစူးဖြစ်နေလေသည်
ရိပ်ဒီလိုနေ၍မဖြစ်သေးချေ မောင်နိုးလာခဲ့သည်ရှိသော် ထိုမြင်ကွင်းတို့အား မြင်တွေ့လို့မဖြစ်ပေ ထိုအခြေအနေကြောင့်ဖြစ်လာမည့် ပြဿနာတို့အား ရိပ်ဘယ်လိုစကားမျိုးနှင့်ရှင်းပြရမည်လဲမသိပေ မောင့်ကရိပ်နှင့်ထိတွေ့ခဲ့ရလို့ သူ့ကိုယ်သူမသတီတော့မှာ မောင်တွေးထားခဲ့သူမဟုတ်ဘဲ ရိပ်ဖြစ်နေခဲ့လို့ မောင်စိတ်ပျက်သွားမှာ ရိပ်ကိုမောင့်အနားကနှင်ထုတ်မှာကို ရိပ်ကြောက်ပါသည်
ရိပ်၏ခေါင်းထဲတွင် စဥ်းစားနေမိသည့်တစ်ခုတည်းသောအရာက ထိုအခြေအနေအား ဖုံးကွယ်လိုက်ဖို့ပင် ထိုအခြေအနေတွင် ရိပ်ကသာ အသိစိတ်ရှိနေတဲ့သူဖြစ်ပြီး မောင်ကအရက်ကြောင့် အသိစိတ်ကင်းမဲ့နေသဖြင့် ထိုကိစ္စအားမှတ်မိနိုင်မည်မဟုတ်ပေ
ဟုတ်တယ် ရိပ်သာမသိချင်ယောင်ဆောင်လိုက်ရင် ထိုကိစ္စအားမောင်သိမည်မဟုတ်တော့ပေ ရိပ်သာမပြောရင် မောင်လည်းမသိနိုင်သလို မောင့်အနားကနေလည်း ရိပ်ထွက်သွားရမည်မဟုတ်တော့ပေ အဓိကကမောင့်အနားမှာရှိနေနိုင်ဖို့သာ ရိပ်မှမောင်နဲ့ဝေးရင် မနေနိုင်တာ