Part (17)

1.1K 38 1
                                    


ဒီနေ့မုန်းရဲ့အလုပ်ပိတ်ရက်ပင် အရင်လိုစာကြည့်ခန်းထဲတွင်သာ အချိန်မကုန်ဖြစ်တော့ပဲ ချစ်ရသောလူသားလေး၏ အလိုဆန္ဒအတိုင်း ပျော်ပွဲစားထွက်လာလေသည် တစ်နေရာရာကိုသွားခြင်းမဟုတ်ဘဲ အိမ်နောက်ဘက်ရှိ တောအုပ်ငယ်လေးဆီသို့သာ မုန်းအလုပ်သွားနေချိန် အိမ်မှာတစ်ယောက်တည်း ကျန်နေခဲ့ရသူလေး အထီးကျန်မည်ဆိုး၍ ဖန်တီးပေးထားသောနေရာလေးပင်
သဘာဝကိုချစ်မြတ်နိုးတဲ့လူသားလေးမို့ ထိုနေရာလေးက အိမ်တော်ထဲတွင်သူလေးအကြိုက်ဆုံးနေရာထဲကတစ်ခုပင် အပျင်းပြေဆော့ကစားရန်ကစားကွင်းအပြင် အသီးစိုက်ခင်းများလည်းရှိသည် ကစားကွင်းတွင်တော့ အန္တာရာယ်ရှိတာတွေမထားဘဲ ကလေးတစ်ယောက်အတွက်လိုအပ်သည့်အရာများပင် ထည့်ထားပေးသည် အန္တာရာယ်ရှိတာတွေမကစားခိုင်းပါ ထိခိုက်မိလို့မဖြစ် စက်ဘီးစီးဖို့ပန်းခြံငယ်လေးကလည်းမပါမဖြစ် အပြင်သို့ပေးမထွက်ဘဲ အိမ်တော်ထဲတွင်သာ ကမ္ဘာငယ်တစ်ခုဖန်တီးပေးထားသည် အနီရောင်ပန်းခင်ကြီးကတော့ သူ့အချစ်ရဲ့သငျေ်ကတ ချုပ်နှောင်ထားတယ်ဆိုပေမယ့် လွတ်လပ်တယ်ဟုလည်းဆိုနိုင်လေသည် အတုအယာင်တွေဆိုပေမယ့် သူလေးဘေးကင်းစေဖို့

"မောင်! လာလေ"

မျက်ခင်းပြင်ပေါ်တွင်ပြေးလွှားနေတဲ့သူက မုန်းကိုလက်ယက်ကာခေါ်နေလေသည်

နေရောင်ခြည်နုနုက ဖြူဥနေသည့်မျက်နှာပေါ်သို့ကျရောက်နေပြီး မျက်တောင်ရှည်တွေရဲ့ ထိပ်ပိုင်းသည် စိန်များတပ်ထားကဲ့သို့ တလဲ့လဲ့

အင်္ကျီအဖြူရောင်၏ ရောင်ပြန်ဟပ်မှု့ကြောင့် မျက်နှာလေးကလင်းနေကာ ပါးပြင်က သွေးကြောစိမ်းလေးတွေကိုပါမြင်နေရသည်

အကြည့်ချင်းဆုံတိုင်း လွှဲသွားတတ်တဲ့ မျက်ဝန်းနက်တစ်စုံက သမုဒ္ဒရာထက်နက်ရှိုင်းလွန်းလို့ ကိုယ့်မှာရုံးမထွက်နိုင်ပေ

စတော်ဘယ်ရီရောင် နှုတ်ခမ်းဖူးဖူးတစ်စုံက ကိုယ်ဖောက်ချင်စရာ

ဖြောင့်ဆင်းနေသော နှာတံထိပ်ရှိ နှာခေါင်းလုံးလုံးလေးကို သွားဖြင့်ကိုက်၍ နီရဲသွားသောအချိန်တိုင်း မုန်းသဘောကျမိသည်

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now