Part (34)

827 20 0
                                    


မုန်းရင်ခွင်ထဲမှ လူသားလေးအားကြည့်ကာ ပြုံးမိလိုက်ပြီး နဖူးလေးအား အကြင်နာပိုစွာနမ်းလိုက်လေသည် ဒီလူသားကသူ့ရဲ့အသက်သွေးကြောလေးပင် စောင်လွတ်နေသည့် အပေါ်ပိုင်းညှပ်ရိုးနှင့် လည်ပင်းတစ်လျှောက် ကိုက်ရာတွေနှင့်ပြည့်နှက်နေကာ နှုတ်ခမ်းလေးကမုန်းလက်ချက်ကြောင့် ပေါက်ပြဲနေလေသည် နိုးလာရင်ဘယ်လောက်တောင်ချော့ရမလဲမသိ သူဆိုသည်မှာ ထိုလူသားနှင့်ပတ်သတ်ရင်အရာရာကိုမထိန်းချုပ်နိုင်အောင်ပေ

တကယ်တော့မုန်းစိုးရိမ်နေခဲ့တာပင်  ငယ်များသူ့ကိုမယုံခဲ့ရင် နောက်တစ်ခါထွက်သွားခဲ့ရင်ဆိုတဲ့စိတ်က သူ့စိတ်ကိုသတ်နေသလို တွေးရင်းနဲ့ စေတမာန်ဆိုတဲ့ကောင်ကိုဒေါသထွက်မိလေသည်

မနေ့ညက waiterတစ်ယောက်လာချပေးသည့် ရှိန်ပိန်ကိုသောက်အပြီး သူ့ကိုယ်ကတဖြည်းဖြည်းထူးခြားလာသည်ကို ခံစားမိသည် မုန်းအတွက် ဒီလိုကိစ္စတွေဟာ ပထမဆုံးအကြိမ်မဟုတ်သည့်အတွက် ဆေးခတ်ခံရတယ်ဆိုတာ ချက်ခြင်းသိလိုက်လေသည် ဆေးကပြင်းသောကြောင့် သူအိမ်ကိုမပြန်ချင်ပေ သူသာဆေးရှိန်နှင့်အိမ်ကိုပြန်လာခဲ့ရင် စိတ်တွေလွှတ်ထွက်သွားကာ ငယ့်ကိုနာကျင်စေလိမ့်မည် ထို့ကြောင့်Hotelကအခန်းတစ်ခုယူကာတွင်ခဏနားကာ ဆေးရှိန်ပြယ်အောင်လုပ်ပြီးမှ အိမ်ကိုပြန်ဖို့ဆုံးဖြတ်ခဲ့လေသည်

ထို့နောက်သူအခန်းတစ်ခုယူကာ အတွင်းရေးမှူးအားဖုန်းဆက်၍ ဆရာဝန်ခေါ်ခိုင်းလိုက်ပြီး သူ့အခန်းနံပါတ်ကိုပြောကာ လာခိုင်းလိုက်လေသည် သူအခန်းထဲသို့ဝင်လိုက်ရုံရှိသေး အနောက်မှတစ်ယောက်ယောက်က ဂုတ်ပိုးကိုရိုက်ချလိုက်သဖြင့်မေ့သွားလေကာ သူပြန်သတိရလာတော့ ဘေးမှာဆရာဝန်နှင့်သူ့အတွင်းရေးမှူးကိုမြင်မှ စိတ်ချနိုင်လေသည် သတိရရခြင်းသူအိမ်ကိုပြန်လာခဲ့တာဖြစ်သည် သူ့ကိုကူညီခဲ့တာဘယ်သူလဲဆိုတာမသိပေမယ့် အဲ့လူသာမရှိခဲ့ရင် ဒီနေ့မုန်းရင်ခွင်ထဲကလူသားလေးနဲ့ဝေးရတော့မယ်ပင် စေတမာန့်လက်ချက်ဆိုတာသိကတည်းက မုန်းလူတွေကိုဖုန်းဆက်ပြီး စီစဥ်ခိုင်းထားပြီးဖြစ်သည် 'သားသမီးမကောင်း မိဘခေါင်း'ဆိုသလို စေတမာန်ရှာထားသည့် ပြဿနာကို သူ့အဖေမင်းတမာန်နှင့်ရှင်းရလိမ့်မည်ဖြစ်သည် သားလုပ်ထားသည့်ကိစ္စ အဖေနှင့်မဆိုင်ပေမယ့် ဒါဟာသားဖြစ်သူကိုဆုံးမသည့်နေရာတွင်ပေါ့ဆခဲ့သည့်အပြစ်ပင် သားဖြစ်သူအားချစ်တာထက် နှစ်ခဲ့လိုအခုလိုသူများအိမ်ထောင်ရေးကို ကွဲဖို့လုပ်ကြံသည်အထိဖြစ်လာခဲ့သည်မဟုတ်ပါလား

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now