"မောင်""........."
"မောင်လို့"
"........."
"မောင်လို့ဆို မောင်ကကွာကလေးလည်းမဟုတ်ပဲနဲ့ မောင် ငါခေါ်နေတာကိုမထူးဘူးလား"
"........"
ရိပ်ခေါ်နေတာကိုတစ်ချက်မှအထူးပဲ laptopကိုသာအာရုံစိုက်နေသူကြောင့် ဒေါသကထွက်လာရလေသည် လူကိုလည်းသူ့ပေါင်ပေါ်တင်ထားသောကြောင့် ရိပ်မှာကုတင်ပေါ်ခြေဆင်းကာထိုင်နေသူ၏ပေါင်ပေါ်တွင်ထိုင်ကာ ခေါ်နေပေမယ့် တစ်ချက်မှပြန်မထူး
"မောင့်!!!"ချော့ခေါ်နေတာကိုအကြောင်းမပြန်တော့ ဒေါ်သထွက်လာကာ နားနားကပ်၍ အော်လိုက်လေ၏
"အွန်း"
"ကျစ်! ဘာကိုအွန်းလဲ မောင်ကလည်းခွင့်ပြုပါဆိုနေ"
"မရဘူး"
"ဟာ ဘာကိုမရတာလဲ ငါဆေးရုံတက်နေတုန်းကလည်း မောင်သူ့ကိုငါနဲ့ပေးမတွေ့တာမဟုတ်လား တကယ်ကိုအားနာစရာကြီးသိရဲ့လား မနက်ဖြန်တော့ငါသွားတွေ့မှာ"
"မသွားရဘူး"
"သွားမှာပဲ ငါ့ကိုလာမချုပ်ခြယ်နဲ့ ငါမကြိုက်ဘူး!! ဖယ်!"
"ဟာ....."
ဒုန်း!!
လူအားတွန်းဖယ်ကာ ထွက်သွားသည့်သူက ဒီကောင်ဘာဖြစ်နေလဲဆိုတာ တကယ်ကိုမသိတာလား မသိချင်ယောင်ဆောင်နေတာလားဆိုတာမပြောတတ် ဟိုဟာမလုပ်ရဘူးပြောလည်းချုပ်ခြယ်တယ် ဒီဟာကိုမလုပ်ရဘူးဆိုလည်းချုပ်ခြယ်တယ်နဲ့ စိတ်ပူလို့တားနေမှန်းလည်းမသိ သူ့ကိုဆိုဘာလုပ်လုပ်စိတ်မချဖြစ်တာကိုမသိလေတာလား ဒီကောင်ကဘာပြောပြောချုပ်ခြယ်သည် ဟုသာမြင်နေသည် ကျန်တဲ့ကိစ္စတွေကိုသာ လျော့ပေးလိမ့်မည် ဒီကိစ္စကတော့မုန်းလုံးဝလက်မခံနိုင်တာပင် အကြောင်းအရင်းကိုမသိပဲစိတ်ကောက်သွားသူက ဒီကောင်ကြီးရဲ့ခံစားချက်ကိုတော့နည်းနည်းမှမရိပ်မိ သူလုပ်ချင်တာမလုပ်ရရင်စိတ်ကောက်ပြီး လူကိုရှောင်ဖယ်ရှောင်ဖယ်နှင့် ကိုယ်ကသူ့မရှိရင်မနေနိုင်တာကိုသိလို့တမင်များလုပ်နေသလားပင်
ကြည့်လက်စlaptopကိုဘေးချကာ ထွက်သွားသောသူထံလိုက်ရမည် မဟုတ်ရင်အမှု့တွေကထပ်တိုးပြီး စိတ်ကောက်တာကလွယ်လွယ်နဲ့ပြေမည်မဟုတ် ဒီလိုကလေးတစ်ယောက်နဲ့တော့ မုန်းတကယ်မပျင်းရပေ လူကိုချစ်မှန်းသိလို့ သပ်သက်အနိုင်ယူနေတာ အလိုလိုက်လွန်းလို့ ဆိုးနေတဲ့ အဆိုးလေပင်