"အင့် ဟင့်""တော်ပြီလေငယ်ရာ ခုနကလည်းအများကြီးငိုထားပြီးပြီမှတ်လား မျက်လုံးတွေကိုကြည့်ပါဦးဖောင်းအစ်နေပြီ တိတ်တော့နော်"
ဟိုစုံတွဲကိုလေဆိပ်လိုက်ပို့ပြီးပြန်လာတဲ့အထိငယ်ကအငိုမတတ်သေးပေ လေဆိပ်မှာဟိုကောင့်ကိုဖက်ပြီးငိုနေလို့ထွက်နေသည့်ဒေါသတောင် ဘယ်နားပျောက်သွားလဲမသိပေ
"မောင် အင့် ခန့်ညားက အီးးး"
"အင်းပါ မောင်သိတယ်နော် သူကအခုဆိုသူဘဝကိုသူချစ်တဲ့သူနဲ့အတူဖြတ်သန်းတော့မှာလေ မောင့်ရဲ့ငယ်ကသူငယ်ချင်းအတွက်ပျော်ပေးရမှာမဟုတ်ဘူးလား ဟင်"
"အင့် အွန်း"
မုန်းပြောပြတော့ ခေါင်းလေးငြိမ့်ကာထောက်ခံလာ၏
"အဲ့တာဆိုမငိုနဲ့တော့နော် သူတို့မင်္ဂလာပွဲကျရင်မောင်တို့သွားကြမယ်လေ"
"တကယ်လား"
မုန်းအပြောကိုမယုံသလို နှာလေးတရှုံ့ရှုံ့ဖြင့် မျက်လုံးလေးထောင့်ကပ်ကာမေးသောသူကြောင့် ခေါင်းလေးအားပုတ်ပေးကာ
"အင်းတကယ်"
"ကတိနော်"
"ကတိပါဆိုကွာ မောင့်ကိုသာယုံလိုက်"
"အဲ့တာဆိုပြီးရော"
"ဒါပေမယ့် ထပ်ပြီးငိုရင်တော့မသွားရဘူးနော်"
"ဘယ်သူကငိုနေလို့လဲ မငိုပါဘူး"
"ဟားဟား ဟုတ်ပါပြီ မငိုဘူး မငိုဘူး မောင့်ရဲ့ငယ်ကလုံးဝမငိုဘူး"
မျက်စောင်းလေးထိုးကာကြည့်လာသူက မငိုဘူးသာပြောတယ် မျက်ခမ်းစပ်တို့ဟာနီရဲလျက် ချစ်လွန်းလို့အရာရာကိုအလိုလိုက်ပြီး အမြဲတမ်းပြုံးနေတာကိုသာမြင်ချင်၏ သူများမပြောနဲ့မုန်းကိုယ်တိုင်တောင် ငယ့်ကိုမျက်ရည်ကျစေခဲ့မိရင်ကိုယ့်ကိုယ်ကိုခွင့်လွတ်မည်မဟုတ် ဒီတစ်ခါကတော့ခြွင်းချက်အနေနဲ့သာပြီးစေလိုက်မည် ငယ့်ရဲ့မျက်ရည်တွေကိုမမြင်ချင်ပါ အပြုံးတွေကိုသာလိုလားပါသည်
************
"အခုကတည်းကတောင် လွမ်းနေပြီလားမောင်"
