Part (3)

1.2K 57 0
                                    

တောင်*တောင်*တောင်*

Massage ဝင်လာသံကြောင့် ဖုန်းအားဖွင့်ကြည့်မိတော့ တွေ့လိုက်ရသောဓာတ်ပုံများကြောင့် စွံအခြင်းများနှင့်အတူ မူမမှန်တော့သော အသက်ရှုသံတို့အား ထိန်းချုပ်ရန် ဘယ်ဘက်ရင်ဘတ်အား လက်ဖြင့်ဖိကာဆုပ်ကိုင်ထားမိသည်

လုပ်ရပ်လိုက်လေခြင်းရယ်ဟု အော်ဟစ်ကာပြောလိုက်ချင်ပေမယ့် အသံပင်မထွက်နိုင်လောက်အောင် ထိုဓာတ်ပုံတို့၏ရိုက်ခတ်မှု့သည် ပြင်းထန်လှလေသည်

Hotelတစ်ခုထဲသို့ မောင်နှင့်မိန်းကလေးတစ်ယောက်၏ အဝင်အထွက်ပုံရိပ်များက ရိပ်အားလှောင်ပြောင်နေသလို ဒီလောက်ဆိုဘာတွေဖြစ်ခဲ့လဲဆိုတာ မစဥ်းစားနိုင်လောင်အောင် ရိပ်ဟာတုံးအနေခဲ့သူမဟုတ်ပေ

တုန်ရီလာသော ခြေထောက်အစုံကြောင့် ကုတင်ပေါ်သို့ ထိုင်ချလိုက်သည် ဒီလိုပါပဲ ငါဟာမောင့်ကြောင့်နဲ့ဆို အလဲလဲအပြိုပြို

အကြိမ်ကြိမ်ပြိုလဲနေရလို့ ငါခြေထောက်တွေတောင် ခံနိုင်ရည်မရှိတော့ဘူး မောင်...

မောင့်လုပ်ရပ်က သစ္စာဖောက်သည်ဆိုရအောင်လည်း မောင်နဲ့ငါက ကတိသစ္စာပေးထားခဲ့ကြသည်မှမဟုတ်ပဲ အိမ်ထောင်ရေးဖောက်ပြန်သည်ဟု ပြောရအောင်လည်း ဒီအိမ်ထောင်ရေးကိုမောင်က အသိအမှတ်ပြုခဲ့သည်မှမဟုတ်တာ

ရိပ်ကပင် နားလည်ပေးရမယ်မဟုတ်ပါလား မောင်ကဘယ်နေရာကိုပဲသွားသွား ဘယ်သူနဲ့ပဲရှိနေခဲ့ပါစေ အချိန်တန်ရင် အိမ်ကိုပဲပြန်လာမည်ဖြစ်သည် ရိပ်ရှိနေတဲ့ မောင့်ရဲ့အိမ်ကိုပေါ့

ဒါတွေဟာ ပထမဆုံးအကြိမ်မဟုတ်သလို နောက်ဆုံးအကြိမ်လည်းဖြစ်မည်မထင်ပါ ဘယ်နှကြိမ်မြောက်မှန်းမသိ ဘယ်နှယောက်မြောက်မှန်းမသိတဲ့ မိန်းကလေးနဲ့ မောင့်လုပ်ရပ်တွေဟာ ဘယ်အချိန်မှများ ရပ်တန့်မည်လဲ ဆိုတာ ရိပ်ကိုယ်တိုင်လည်းမသိပေ

ရိပ်သိသည်က မောင့်ပေးတဲ့နာကျင်မှု့အားခံယူကာ အမှောင်ထဲတွင် တစ်ယောက်တည်း ငိုကြွေးနေဖို့သာ မောင်ပြန်လာချိန်မှာတော့ အပြုံးနှင့် မောင့်အားထွက်ကြိုရမည် ရိပ်မျက်ရည်တွေမြင်ပြီး ရိပ်ရဲ့မောင် စိတ်ရှုပ်သွားမှ ခက်ရချည်ရဲ့

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now