Part (24)

1K 37 1
                                    

"မောင်..တော်ပြီ"

"အင်း ရေသောက်လိုက်ဦး"

"မောင်...ငါအဲ့တာကြီးထပ်မစားချင်တော့ဘူး"

"အင်း မစားရတော့ဘူး"

ရိပ်တစ်ပတ်လုံး ဆန်ပြုတ်နဲ့ပဲနှစ်ပါးသွားနေရတာဖြစ်သည် တကယ်ကိုငြီးငွေ့နေပြီပင် မောင်ကလည်းရိပ်နှင့်အတူ တစ်ပတ်လုံးဆန်ပြုတ်သာလိုက်စားပေးသည် တစ်ပတ်လုံးမောင့်ကရိပ်နားကမခွာပဲ ရိပ်ဘာလိုလိုအကုန်လုပ်ပေးသည် ဘယ်နေရာသွားသွားပွေ့ချီသွားသည့်မောင်ကြောင့် ရိပ်မှာလမ်းလျှောက်စရာပင်မလို မောင့်ကိုစီးပြီးသွားရုံသာ

"မောင်"

"ဗျာ"

"ဟိဟိ...မောင်ဗျာလို့ထူးရင်ငါ့ကြိုက်တယ်"

"ကြိုက်ရင်...မှောက်အိပ်လိုက်...ဆေးလိမ်းရမယ်"

"ဟင့်အင်း"

ဆေးလိမ်းရမည်ပြောတော့ အကြောက်အကန်ငြင်းလေသည်

"မရဘူးနော် ငယ် ဆေးလိမ်းရမယ်"

"မလိမ်းချင်ဘူး ငါသက်သာနေပါပြီမောင်ရယ် မလိမ်းဘူးနော်"

"မလိမ်းလို့မရဘူးလေ အခုထိအရောင်မကျသေးတဲ့ဟာကို"

"ဟင့်အင်း မလိမ်းချင်ဘူးလို့ အင့်"

ထွက်ပြေးဖို့ကြံနေသူလေးအား ခါးမှလက်တစ်ဖက်ဖြင့်ဆွဲချုပ်ကာ ရင်ခွင်ထဲထည့်ပြီး ကိုယ်လုံးလေးအား ချုပ်ထားလိုက်လေသည်

"ငယ် မဆိုးနဲ့နော် မဟုတ်ရင် မနက်ဖြန်အပြင်လိုက်မပို့ပဲနေလိုက်မှာ"

"မောင်ကလည်း"

"မောင်ကမလဲဘူး မှောက်လိုက်"

"ဟင့်"

"လာပါကွာ ငယ်ကလိမ်မာပါတယ်"

"ကိုယ့်ဘာသာကိုယ် လိမ်းမယ်လေ"

"မြင်ရလို့လား ကိုယ့်အပေါက်ကိုယ်"

"မောင့်!"

"မဆိုးနဲ့ လာခဲ့"

ကိုယ်လုံးလေးအား ရင်ခွင်ထဲမှထုတ်ကာ မှောက်ရပ်အနေအထားသို့ကိုယ်တိုင်ပြောင်းယူပေးရသည် ရောင်နေတဲ့နေရာလေး တစ်ပတ်တောင်ပြည့်နေပြီ အခုထိအရောင်ကမကျပေ သန့်စင်ခန်းတစ်ခါသွားတိုင်း တစ်ခါငိုနေရတာတောင် ဆေးမလိမ်းချင်ဘူးကလုပ်လိုက်သေးတယ် တကယ့်မလွယ်ကြောလေး

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now