ဝူးးးးးးးးးးးးးးအိမ်ရှေ့မှမောင်းထွက်သွားသည့်ကားလေး ခြံထဲကထွက်သွားတော့မှ ရိပ်သက်ပြင်းလေးချကာ လေတချို့အား ဟူးကနဲမြည်အောင်မှုတ်ထုတ်လိုက်လေသည်
မောင်အလုပ်သွားပြီဆိုတော့ အခုရိပ်သွားဖို့အလှည့်ပင်
အပေါ်သို့တက်ကာ အဝတ်အစားလဲလှယ်လိုက်သည် ဒီနေ့မောင်မပါပဲ အပြင်သွားမည်သာ သေချာတာကတော့မောင့်ကို လုံးဝပြောမထားပေ မောင့်ကိုသာပြောလိုက်ရင် မောင်ကရိပ်ကိုသွားခိုင်းမှာမဟုတ်ဘူးလေ
ကိုယ်လုံးပေါ်မှန်ထဲတွင် အဝတ်အစားကိုသပ်ရပ်စွာပြင်ဆင်ပြီး နေကာမျက်မှန်အနက်ရောင်လေးကောက်တပ်လိုက်တော့ လုံးဝကိုperfect ခန္ဓာကိုယ်လေးအား မှန်ရှေ့တွင် တစ်ပတ်လှည့်လိုက်ပြီး ကိုယ့်ပုံကိုကြည့်ကာသဘောကျနေမိသည် အပေါ်ကshirtမိုးပြာရောင်အပွလေးအား ဂျင်းဘောင်းဘီအနက်လေးထဲထည့်၍ဝတ်ထားခြင်းပင် ဘောင်းဘီက ဒူးနားတွင်အပြဲပါသည်မို့ ဒူးနီနီလေးအားအနည်းငယ်မြင်နေရသည် အင်္ကျီလက်က လက်ဘေးတွင် ပုခုံးမှတံတောင်ဆစ်အထိခွဲထားပြီး တဖန်တံတောင်ဆစ်နေရာတွင်ချုပ်ထားကာ ထိုတံတောင်ဆစ်မှ လက်ကောက်ဝတ်နားအထိထပ်ခွဲထားသည်ကို လက်ကောက်ဝတ်တွင်အပတ်ကလေးဖြင့် ကြယ်သီးနှင့်ပြန်စိထားခြင်းပင် ထို့ကြောင့် ဖြူဖွေးနေသော လက်မောင်းလေးနှင့် လက်ဖျံတစ်လျောက်က ရိပ်လက်တို့ကိုလှုပ်ရှားလိုက်တိုင်း လှပ်ပြလိုက်သလိုမြင်နေရသည်
ရှူးအဖြူရဲ့အောက်ကအမြင့်လေးပါသည်မို့ အရပ်ကလေးကအနည်းငယ်ပိုမြင့်သွားကာ အဝတ်အစားနှင့် မျက်နှာချောချောတို့၏ပေါင်းစပ်မှု့ကြောင့် idolတစ်ယောက်အလားကိုယ့်ကိုယ်ကိုမှန်ထဲတွင်ကြည့်လို့ဝသွားပြီဆိုမှ အောက်ထပ်သို့ဆင်းလာခဲ့သည် ရိပ်အိမ်အပြင်ဘက်ကို ခြေတစ်လှမ်းလှမ်းရုံရှိသေး ထွက်လာသောအနက်ရောင်ဝတ်ရောင်ဖြင့်လူများကြောင့် အပြင်သို့ထွက်နေသော ခြေထောက်လေးပင် အိမ်ထဲသို့ပြန်ဝင်သွားလေသည်
အပြင်သွားမယ်သာဆိုသည် ဘာနှင့်သွားရမလဲဆိုတာမသိသလို သွားရမည့်နေရာကိုလည်းမသိပေ