Part (37)

888 32 1
                                    

"ဒေါက်တာ...ဒယ်ဒီဘာဖြစ်တာလဲဟင်"

"လူနာကစိတ်ဖိစီးမှု့များပြီးသတိမေ့သွားတာပါ..အသက်လဲကြီး နေပြီဆိုတော့နောက်တစ်ခါထပ်မဖြစ်ဖို့ဂရုစိုက်ပေးပါဗျ ပြီးတော့လူနာ့မှာ နှလုံးရောဂါအခံလည်းရှိတော့ပိုပြီးဂရုစိုက်ရပါမယ် နှလုံးမဖောက်တာပဲကျေးဇူးတင်ရမယ်ဗျ"

"နှလုံးရောဂါ..ဟုတ်လားဆရာ"

"ဟုတ်ပါတယ်ဗျ...အရမ်းအဆိုးကြီးတော့မဟုတ်သေးပေမယ့်လည်း..နှလုံးမဖောက်အောင်တော့ဂရုစိုက်ရမယ်ဗျ..လူနာကအသက်အရွယ်ကြောင့် နှလုံးဖောက်ရင်သိပ်ခံနိုင်ရည်ရှိမှာမဟုတ်ဘူး လူနာစိတ်ညစ်စေမဲ့အရာတွေကိုရှောင်ပြီး အတတ်နိုင်ဆုံးပျော်အောင်ထားပေးပါ ကျွန်တော်ဆေးပေးခဲ့မယ် သေချာတိုက်ပေးပါဗျ"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

"ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး"

"ဟုတ်ကဲ့ ဒေါက်တာ ကြွပါ"

ဆရာဝန်အခန်းထဲကထွက်သွားမှ တမာန့်အရုပ်ကြိုးပျက်လဲကျသွားသည် နှလုံးရောဂါတဲ့လား ဒယ်ဒီကလေ တမာန်ရှေ့မှာအမြဲတမ်း ဖျတ်လတ်ပြီးသန်မာနေတဲ့သူက ရောဂါရနေသည်တဲ့လား ဒယ်ဒီကပဲဟန်ဆောင်ကောင်းခဲ့တာလား တမာန်ကပဲ ဒယ်ဒီ့ကိုပစ်ထားခဲ့မိတာလားဆိုတာ မတွေးတတ်တော့ပေ သေချာတာက တမာန်ဒယ်ဒီ့ကိုဂရုမစိုက်ပဲနေခဲ့လို့ပင်

ကုတင်ထက်လှဲလှောင်းနေသည့် ဒယ်ဒီ့လက်အား ဆုပ်ကိုင်ကာ ကုတင်ပေါ်မျက်နှာအပ်ကာငိုမိလေသည် ဒယ်ဒီ့ကတမာန့်ဘေးမှာအမြဲတမ်းမရှိပေးနိုင်ခဲ့ပေမယ့် ဒယ်ဒီသူ့နားရှိချိန်တိုင်းပျော်အောင်ထားသည် တမာန်လိုသမျှကိုအကုန်ဖြည့်ဆည်းပေးခဲ့ပြီး တမာန့်ကိုအနားလည်ဆုံးလူသားဟာ ဒယ်ဒီတစ်ယောက်တည်းပင် ငယ်ငယ်ကနေအခုချိန်ထိ တမာန့်ကိုရိုက်ဖို့မပြောနဲ့လင်နဲ့တောင်မရွယ်ခဲ့ပေ တစ်ခါတစ်လေ လေသံမာမာနဲ့စကားပြောတာသာရှိသည် ထိုကဲ့သို့အချိန်တိုင်းလည်း ဒယ်ဒီ့ကတမာန့်ကိုအမြဲပြန်ချော့တတ်သည် ဒယ်ဒီ့ဟာတမာန့်အတွက်တော့ အဖေကောင်းတစ်ယောက်ပင် အလုပ်ကိစ္စများနှင့်အမြဲတမ်းမအားမလပ်သည့်ကြားက တမာန့်ကိုအချိန်ပေးတတ်သည် ဒါကိုတောင်တမာန်က ဒယ်ဒီတမာန့်အနားမှာအမြဲမရှိခဲ့လို့ ငြူစူခဲ့သည်ပင် တမာန့်ကိုလုံလောက်တဲ့အချိန်နဲ့ အပြည့်အဝမချစ်ပေးနိုင်ခဲ့ပေမယ့် ဒယ်ဒီတမာန့်အပေါ်ချစ်ပြီး အလိုလိုက်တာကိုသိသည် ဒယ်ဒီကတမာန့်အတွက် မှီခိုရာတစ်ခုတည်းသော ဒေါင်တိုင်ကြီးတစ်ခုပင် ထိုဒေါက်တိုင်ကြီးသာပြိုလဲသွားခဲ့မယ်ဆိုရင် တမာန့်လည်းဆက်ပြီးအသက်ရှင်နိုင်မည်မဟုတ်ပါ ဘာတွေပဲဆုံးရှုံးရပါစေ ဒယ်ဒီ့ကိုတော့ အဆုံးရှုံးမခံနိုင်ပါ တမာန့်မှာဒယ်ဒီပဲရှိ၏

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now