မနက်ခင်းရဲ့ နေခြည်နုနုက ပန်းပွင့်ဖက်လေးအလား နုဖက်နေသော မျက်နှာလေးပေါ်သို့ ဖြာကျနေလေသည်
လေယာဥ်ပေါ်မှာကတည်းက အိပ်ပျော်သွားသည့်သူလေးက အိမ်ရောက်တဲ့အထိ တစ်ချက်မှမနိုးပေ တကယ့်ကိုအိပ်ပုတ်လေး ဒီလိုမျိုးနဲ့တော့ ဘယ်လိုတောင်စိတ်ချရမည်လဲ
အိပ်နေတာတောင်မှ လှအောင်အိပ်တက်သောသူကြောင့် မုန်းတစိမ့်စိမ့်သာကြည့်နေလိုက်သည် လှအောင်အိပ်တာကို ဘယ်ကများသင်လာခဲ့လို့ ဒိီလောကတြောငျတော်နေရတာလဲ မုန်းရဲ့ရင်ခွင်ထဲမှာ ဘုရင်လေးကအပူအပင်ကင်းစွာအိပ်နေလေရဲ့
မုန်းရဲ့နှလုံးသားအား အပိုင်စားရထားသော ဘုရင်လေးက အိပ်ပျော်နေတော့ စစ်သူကြီးတာဝန်ကိုထမ်းကာ စောင့်ရှောက်ရသည်က မုန်းရန်ခက်ပေ တစ်နေ့တစ်ခြားပိုပိုပြီးချစ်လာလို့ ဘယ်လိုတောင်လုပ်ရပါ့
ရင်ခွင်ထဲမှာ လူသားလေးအား ဖက်ကာ အပေါ်စီးမှနေ၍ မျက်တောင်မွှေးလေးများအား ရေတွက်နေလိုက်သည် အရင်ကဆို မျက်တောင်မွှေးအားလုံးပေါင်းဟာ ဘယ်ဘက်တွင် ၁၃၂ပင်နှင့် ညာဘက်တွင် ၁၃၀ရှိလေသည် အခုတော့ ဘယ်ဘယ်မျက်တောင်မွှေးလေးများက ၁၃၁ပင်သာရှိတော့သည် မျက်တောင်မွှေးတစ်ပင်က ဘယ်ကိုပျောက်သွားသည်လဲ
ကျစ်! ဘာလို့ မျက်တောင်မွှေးကကျွတ်သွားရတာလဲ
မျက်တောင်မွှေးတစ်ပင် လျှော့သွားမှု့ကြောင့် မုန်းစိတ်တို့ပူလောင်လျှက်ရှိသည် မုန်းဆီကခေါ်သွားရင်လည်း သေချာဂရုစိုက်ရပေးသင့်သည် တစ်ပတ်ဆိုလို့သာတော်ရော့မည် တစ်လသာဆိုရင်ဖြင့် ဘယ်လိုတောင်ဖြစ်နေမလဲမသိပေ အခုအချိန်ကစပြီး မျက်စိအောက်ကအပျောက်မခံပဲ စောင့်ရှောက်ရမည်ဖြစ်သည်
အိပ်နေသောသူလေးအား အသည်းယားစွာ နှခေါင်းလုံးလုံးလေးအား သွားဖြင့် ဖွဖွလေးဖိကိုက်လိုက်မိသည် ကိုက်ရာကြောင့် နှာသီးလေးကရဲသွားပေမယ့် အိပ်နေသူက တစ်ချက်တောင်မညည်းပေ ဒီလိုအိပ်ပုတ်လေးကို သွားတဲ့နေရာတိုင်းသာ အိတ်ထဲထည့်၍ခေါ်သွားချင်လေသည်
အိပ်နေသောသူလေး နိုးလာဖို့အချိန်ကိုစောင့်နေတာ မနက် ၁၀ နာရီတောင်ထိုးတော့မည်ဖြစ်သည် ဆက်အိပ်ခိုင်းလို့မဖြစ်တော့ပေ မဟုတ်ရင်ခေါင်းတွေကိုက်ကာ ကိုယ်လက်တွေညောင်းနေလိမ့်မည်ပင် အခုနိုးပြီး နေလည်ကျမှထပ်သိပ်ရမည်ပင်