မုန်းရန်ခက် မိခင်ဆုံးသွားသည့်အချိန်မှစ၍ မိခင်၏ အကိုဝမ်းကွဲဖြစ်သူ ရှိရာUSသို့လိုက်နေခဲ့သည် မုန်းရန်ခက်ဘဝတွင် ဖခင်ဆိုတာမရှိခဲ့သည့်လူသားတစ်ယောက်
အချိန်ပြည့် မိခင်အားမျက်ရည်ကျစေခဲ့သူအား အဖေတစ်ယောက်လို့သူမသတ်မှတ်ခဲ့သလို အဖေဟုလည်းတစ်ခွန်းမခေါ်ခဲ့ပေ ငယ်စဥ်ကတည်းက အမေဖြစ်သူနှင့်သာနေပြီး အဖေဆိုတာ တစ်လနေလို့တစ်ကြိမ်ပေါ်မလာခဲ့သည့်သူပင်မုန်းရက်ခက်တို့သားအမိအား ပစ်ထားပြီး ဦးမုန်တိုင်းဟာအပြင်မှာသာအနေများသည် အိမ်ကိုပြန်လာချိန်တိုင်းလည်း ဒေါ်နွေဦးခက်အားကောင်းကောင်းမဆက်ဆံပေ ရိုက်နှက်ခြင်းတို့မပြုလုပ်ပေမဲ့ အချိန်ပြည့် မေမေ့ကြောင့် သူ့ဘဝအချုပ်နှောင်ခံရသည်ဟုသာပြောဆိုသည် အပြင်မှာတစ်ခုခုဖြစ်လာရင် မေမေ့ကြောင့်ဟုအမည်တပ်ကာ စွပ်စွဲတတ်သည် ဦးမုန်းတိုင်းအားဘာမှပြန်ပြောခြင်းမပြုဘဲ ခေါင်းငုံ့ကာအမြဲငြိမ်ခံနေသော မိခင်ကို မုန်းရန်ခက်အားမလိုအားမရဖြစ်မိသည် မေမေဟာဘာအမှားများလုပ်မိခဲ့လို့လဲ အချိန်တိုင်းဦးမုန်းတိုင်းပြန်လာချိန်ကိုသာ လည်တဆန့်ဆန့်နဲ့မျှော်နေခဲ့သူဟာ တစ်ခါ မှအကောင်းပြောမခံရပေ မေမေ့ကိုသူထွက်သွားဖို့ပြောတိုင်း မေမေဟာအမြဲငြင်းလေသည်
"သားအဖေက မေမေတို့ကိုချစ်ပါတယ်"တဲ့အချစ်ကြီးတဲ့မေမေဟာ ဦးမုန်တိုင်းကိုမမုန်းနိုင်ခဲ့သူ့ သူအား'မုန်းရန်ခက်'ဟုနာမည်ပေးခဲ့ခြင်းပင်
မေမေ့အပေါ်မပြောနှင့် သူ့အပေါ်တောင် ဖခင်တာဝန်မကျေခဲ့တဲ့သူက သူတို့ကိုချစ်ပါတယ်လို့ ဘယ်လိုမှထင်ရက်စရာမရှိပေ မွေးရာပါနှလုံးရောဂါနှင့်မေမေက သူ့အားအသက်နှင့်ရင်းကာမွေးပေးခဲ့သည် သူဟာဦးမုန်တိုင်းမလိုချင်ခဲ့သည့်သွေးသားဖြစ်တာတောင်မှ မေမေဟာထိုသူနှင့်အတိုက်အခံလုပ်ကာ သူ့အသက်နှင့်ရင်းပြီးမွေးထုတ်ပေးခဲ့သည် မိခင်မေတ္တာကိုလုံလောက်သည်ထက်ပိုအောင်ပေးခဲ့သည် သူ့အတွက်ဖခင်မေတ္တာဆိုတာမလိုအပ်ပေ မေမေရှိတာနှင့်လုံလောက်ခဲ့သည်
နေ့တိုင်းမျက်ရည်စက်လက်နှင့်မေမေဟာ ကြာလာတော့ရောဂါအခြေအနေကဆိုးလာကာ သူ့ကိုတစ်ယောက်တည်းထားသွားခဲ့လေပြီ မေမေဆုံးသွားချိန်တွင်သူမငိုကြွေးခဲ့ပါ မေမေ့အစားသူပျော်သည် မေမေဟာသေဆုံးသွားတာမဟုတ်ဘဲ လွတ်မြောက်သွားတာဖြစ်သည် အချစ်ဆိုတဲ့မမြင်နိုင်တဲ့စက်ဝန်းဆီကပေါ့
![](https://img.wattpad.com/cover/306089413-288-k541843.jpg)