စေတမာန်ပွဲထဲတွင် မုန်းကိုလိုက်ရှာလိုက်သည် Daddyကိုစကားလာပြောသည့်သူတွေကလည်း တမာန့်ကိုနှုတ်ဆက်လာသည်မို့ ပြန်နှုတ်ဆက်ရင်းနှင့် မုန်းကိုလည်းအရှာမပျက်ပေတစ်နေရာအရောက် လူတချို့နှင့်စကားပြောနေသော တမာန့်အပိုင်ဖြစ်တော့မည့်လူကိုတွေ့လိုက်လေသည် ဘေးတွင်ဟိုလူမပါ၍ ကုမ္ပဏီကနေတန်းလာပုံရလေသည် ဟိုလူမပါတာလည်းကောင်းသည် အလုပ်ရှုပ်သက်သာသည်လေ
"Daddy...တမာန်အသိတစ်ယောက်တွေ့လို့ သွားနှုတ်ဆတ်လိုက်ဦးမယ်နော်"
"အင်း..သွားလေသား"
"ခွင့်ပြုပါဦးဗျ"
Daddyနှင့်စားပွဲဝိုင်းတွင်ထိုင်နေကြသော လူများအားခွင့်တောင်းကာ တမာန်ထိုနေရာမှထထွက်လာခဲ့လေသည်
ထို့နောက် ပွဲထဲရှိတမာန့်လူတွေအားအချက်ပြလိုက်ကာ မဲ့ပြုံးတစ်ခုကိုဆင်မြန်းရင် လည်းပင်းရှိဆွဲကြိုးကို ဇတ်ကနဲဆွဲဖြုတ်လိုက်လေသည်
အချိန်ကျပြီမုန်း...မင်းကငါ့အပိုင်ဖြစ်လာတော့မှာ..
ထို့နောက် ပွဲထဲရှိ main barသို့သွားလိုက်ကာ barခုံပေါ်တင်ထားသည့် ရှန်ပိန်ခွက်ထဲသို့ ပုလင်းထဲရှိဆေးအား နှစ်ခွက်ခွဲကာထည့်လိုက်လေသည် ထို့နောက်တစ်ခွက်အား တမာန်ယူကာ ဘေးနားရှိတမာန့်လူဖြစ်သော waiterအားခေါင်းငြိမ့်ပြလိုက်တော့ ရှိန်ပိန်ခွက်ထည့်ထားသည့်ဗန်းအားကိုင်ကာ မုန်းတို့ဝိုင်းသို့သွားပြီး မုန်းရှေ့တွင်ချပေးလိုက်လေသည်
မုန်းခွက်ကိုကိုင်သည်နှင့် တမာန်လည်းခွက်ကိုလိုက်ကိုင်လိုက်ကာ လေထဲမှတဆင့် cheerလုပ်လိုက်ရင်း မုန်းနှင့်ပြိုင်တူမော့သောက်လိုက်လေသည်
ထို့နောက် waiterလေးအား အချက်ပြလိုက်ကာ တမာန်စီစဥ်ထားသောအခန်းသို့ ဦးစွာသွားလိုက်လေသည် သူအခုလုပ်ရမှာက အခန်းထဲတွင်ပြင်ဆင်ပြီး မုန်းအားစောင့်နေရန်သာ ညစာစားပွဲကHotelတွင်လုပ်သောကြောင့် တမာန့်အတွက်ပိုပြီးလွယ်ကူသွားလေသည်
သူ့လုပ်ရပ်များကိုမြင်လိုက်သော သူတစ်ယောက်ကိုတော့ တမာန်သတိမထားမိလိုက်ချေ...
![](https://img.wattpad.com/cover/306089413-288-k541843.jpg)