လေလံပွဲပြီးသွားတော့ လေလံပွဲအောင်သည့်သူများအတွက် ဂုဏ်ပြုညစာစားပွဲကျင်းပပေးလေသည် မောင်က ရိပ်ကို ခဏဟုဆိုကာ ဟိုဘက်သို့ထွက်သွားသဖြင့် ရိပ်တစ်ယောက်တည်း စားပွဲတွင်ကျန်နေခဲ့သည် ခန့်ညားကို လေလံပွဲပြီးကတည်းက မတွေ့တော့တာဖြစ်သည်ရိပ်တစ်ယောက်တည်း ဟိုကြည့်ဒီကြည့်ဖြင့် လက်ထဲတွင်ကိုင်ထားသော အချိုရည်ခွက်လေးအား လက်လေးဖြင့် တတောက်တောက်ခေါက်နေလိုက်သည် ပွဲထဲတွင် ရိပ်နှင့်သိသူဘယ်သူမှမရှိပေ အစောင့်တွေကြောင့်လည်း ရိပ်အနားသို့ ဘယ်သူမှမလာကြ ထို့ကြောင့်သာ ရိပ်သက်တောင့်သက်သာဖြစ်နေခြင်းပင် ကိုယ်နှင့်မသိသည့်လူတစ်ယောက်နှင့် ရင်းရင်းနှီးနှီးစကားပြောဆိုရခြင်းကို ရိပ်မကြိုက်ပေ လူတောထဲမတိုးဘူးဟုပဲဆိုဆို ထိုသို့စကားပြောရခြင်းသည် ရိပ်ကို ကသိကအောက်ဖြစ်စေသည်
မောင်ကလည်းကြာလိုက်တာ.....ခဏပဲဆိုပြီးတော့...
"အရိပ်ကလေး"
"ဟင် ခန့်ညား"
"ကိုယ်နဲ့ ဟိုဘက်ခဏလောက်လိုက်ခဲ့ပါလား"
"အာ...ဟို..မောင်လာလို့ငါ့ကိုမတွေ့ရင်စိတ်ပူနေလိမ့်မယ်"
"ခဏပါပဲ အရိပ်ကလေးရယ် နော် လာပါကွာ သူပြန်မရောက်ခင် မင်းအရင်ပြန်ရောက်မှာပါကွာ နော် ခဏလေးပဲ"
ရိပ်ကြည့်လိုက်တော့ မောင်ကတခြားဝိုင်းတွင် စကားပြောနေလေသည် ထပ်ငြင်းပြန်ရင်လည်းမကောင်းသည်မို့ ရိပ်ခန့်ညားခေါ်သည့်နေရာသို့လိုက်သွားရန် ဆုံးဖြတ်လိုက်သည် ပြီးမှ မောင့်ဆီသို့သွားကာ ပြန်ရန်ပြောရမည်
"အင်း ပြီးရောလေ"
ရိပ်ကို ခန့်ညားခေါ်လာသည့်နေရာက Hotel၏ လသာဆောင်ပင်ဖြစ်သည် ကောင်းကင်ပေါ်တွင် လမင်းကြီးကထိန်ထိန်သာနေပြီး သူ့အပေါင်းအဖော်ကြယ်လေးတွေနှင့်ပျော်နေရှာသည် ဒီလိုဆိုမှ ရိပ်နှင့်မောင် ခြံထဲတွင်ကြယ်အတူကြည့်ခဲ့သည့်ညကိုသတိရတော့ ရိပ်မျက်နှာတွင် အနီလှိုင်းလေးတချို့ဖြတ်ပြေးသွားလေသည် ထိုနေ့က သူမောင့်လက်မောင်းကိုခေါင်းအုံးကာ မောင်ပေးသောအနမ်းတို့အား ခံယူရင်းအိပ်ပျော်သွားသည်ပင် ကြည်နူးစရာအတွေးများကြောင့် နှုတ်ခမ်းက သူ့အလိုလိုပြုံးမိသား ငါလည်းမောင်နဲ့ကြာရင် ရူးတော့မှာပဲ မောင်ရေ...