ရေပန်းမှကျလာသော ရေစက်တို့အား လက်ဖြင့်ခံယူနေရင်းမှ အဝတ်မပါသော ကိုယ်လုံးလေးအား ရေပန်းအောက်သို့ဝင်လိုက်လေသည် သို့သော်လည်း အနည်းငယ်လေးလံနေသော စိတ်တို့ကပြေလျော့မသွားခဲ့ပေ ခေါင်းမော့ကာ ရေစက်တို့အားမျက်နှာဖြင့်ခံယူပြီး လက်နှစ်ဖက်ဖြင့် ကိုယ်လုံးလေးအားပွတ်တိုက်ကာ ရေချိုးခြင်းအမှု့ကိုပြုပြီးနောက် တစ်ကိုယ်လုံးအားဆေးကြောသန့်စင်လိုက်ကာ ရေချိုးခြင်းကိုအဆုံးသတ်လိုက်သည်
ရေပန်းကိုပိတ်လိုက်တော့ ရေစက်တို့ကျဆင်းမှု့ဟာ တိကနဲရပ်သွားပြီး ရေချိုးခန်းအတွင်းရေကျသံတို့တိတ်ဆိတ်သွားလေသည်
ဟူးးးးး
ရိပ်သက်ပြင်းတစ်ချက်ချကာ ခါးအောက်ပိုင်းအားသဘက်တစ်ထည်ပတ်လိုက်ပြီး ပုဝါအသေးလေးဖြင့်ခေါင်းအားရေသုတ်ကာ ရေချိုးခန်းထဲမှထွက်လာလိုက်သည် ခန္ဓာကိုယ်တွင်ရေစက်လေးများကပ်တွယ်နေသည်မှာ ဖြူနုနေသောအသားအရေထက်တွင် ပုလဲလုံးလေးများ တွဲခိုနေသယောင် ဆံပင်တို့မှကျသောရေစက်တို့က လည်ပင်းမှတဆင့် အဆီပိုမရှိချပ်ရပ်နေသောဗိုက်အားဖြတ်သန်းကာ သဘတ်ဖြင့်ဖုံးကွယ်ထားသောနေရာတလျှောက်စီးဆင်းသွားလေသည်
ရေကိုစင်ကြယ်စွာသုတ်ပြီးနောက် ပေါ့ပေါ့ပါးပါးဖြစ်သည့်ဝတ်စုံကိုဝတ်လိုက်လေသည် နေလည်ထမင်းစားချိန်ရောက်နေပေမယ့် စားချင်စိတ်မရှိသဖြင့် ကုတင်ပေါ်တွက်ခြေပစ်လက်ပစ်လှဲချလိုက်လေသည် ဘာမှလည်းလုပ်ချင်စိတ်မရှိပါ မောင်မရှိတာသိသာလှသည် ကုတင်ပေါ်တွင်ဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်ဖြင့် မျက်လုံးများကမှေးစင်းလာလေသည် ရေချိုးပြီးကာစမို့ ခပ်အေးအေးခန္ဓာကိုယ်လေးအား နွေးထွေးသောမွေ့ယာလေးကဆွဲဆောင်နေသယောင် မျက်လုံးတို့အားမှတ်လိုက်သည်နှင့် တန်း၍ပင်အိပ်ပျော်သွားလေသည်
*********
မုန်းလုပ်လက်စအလုပ်များအား လက်စသတ်လိုက်ပြီး နာရီကြည့်လိုက်တော့ ရုံးဆင်းချိန်ပင်ရောက်နေပြီဖြစ်သည် ဒီတစ်နေ့လုံး ငယ်သူ့ကိုဖုန်းတစ်ခါမှမဆက်သလို သူလည်းအလုပ်များနေသဖြင့်ဖုန်းမခေါ်မိပေ အရင်ကဆို တစ်နေ့ကိုဖုန်းမရေမတွက်နိုင်အောင်ခေါ်ပြီး ရစ်တတ်သည့်သူက ဒီနေ့တော့တိတ်ဆိတ်နေလေသည် ကိုယ့်မှာသူ့အသံမကြားရင်ကိုမနေတတ်ဖြစ်နေသည်ပင် ဘာတွေနဲ့များပြုစားထားသလဲတော့မသိပေ