ခွပ်*"အ့!"
အိမ်ထဲဝင်ဝင်ချင်းအထိုးခံလိုက်ရသဖြင့် မျက်နှာလည်ထွက်သွားကာ ကြမ်းပြင်ပေါ်သို့လဲကျသွားလေ၏ ဖင်ထိုင်ရက်ကျသွားသည်မို့ ကျောရိုးတစ်လျှောက်အောင့်တက်သွားလေသည်
"Daddy!!...Daddyတမာန့်ကိုထိုးတယ်!"
"အေးမင်းကိုထိုးတယ်..ပါးစပ်နဲ့ဆုံးမလို့မရတဲ့ကောင်ကိုလက်နဲ့ဆုံးမလိုက်တာလေ"
"ဟ..တမာန်ဘာလုပ်နေလို့လဲ!"
လဲနေရာမှထရပ်လိုက်ကာ Daddyထိုးလိုက်သောကြောင့် ပေါက်သွားသော နှုတ်ခမ်းမှသွေးအားလက်ခုံဖြင့်ဖိသုတ်ကာမေးလိုက်တော့
"မင်းဘာလုပ်လို့လဲဟုတ်လား..မင်းဘာလုပ်ခဲ့လဲဆိုတာကိုမသိဘူးလား..ဟမ်!"
"တမာန်ဘာမှမလုပ်ထားဘူးDaddy"
"ဘာကြ!..မင်းငါလုပ်ရင်သေလိမ့်မယ်တမာန်..ငါမင်းကိုမပြောထားဘူးလား..မုန်းရန်ခက်တို့ကိုမနှောင့်ယှက်ပါနဲ့လို့အတန်တန်မှာထားရဲ့သားနဲ့မင်းဘာလုပ်ခဲ့လဲ!..ဖြေလေ!စေတမာန်!!"
"ဟုတ်တယ်!..တမာန်မုန်းကိုအပိုင်ကြံခဲ့တယ်..ဒါပေမယ့်တမာန့်အစီအစဉ်မအောင်မြင်ခဲ့ဘူး..အဲ့တာဘာဖြစ်လဲ"
"ဘာဖြစ်လဲ!...ဘာဖြစ်လဲဟုတ်လား!!..အေး.မင်းရဲ့မစဉ်းစားမဆင်ခြင်တဲ့လုပ်ရပ်ကြောင့်..လမ်းဘေးမှာခွက်ဆွဲရတော့မှာရောသိလား..ဟမ်!!"
ဦးမင်းတမာန်တော်တော် ဒေါသထွက်နေတာဖြစ်သည် သားဖြစ်သူငြိမ်နေလို့ လိမ္မာသွားပြီမှတ်တယ် အခုဒင်းလုပ်ရပ်ကြောင့် သူ့ရဲ့ကုမ္ပဏီတွေဒေဝါလီခံရတော့မယ်ဖြစ်သည်..ရှယ်ယာရှင်တွေအကုန်လုံးကလည်းတပြိုင်နက်တည်း.သူတို့ရှယ်ယာတွေကိုပြန်ထုတ်ခိုင်းနေလေသည်..စုံစမ်းကြည့်တော့မုန်းရန်ခက်၏လက်ချက်ပင်..သူနှင့်ကိုယ်ရန်ငြိုးမရှိပါရက်ဘာလို့ဒီလိုလုပ်ရတာလဲဟူ၍ သူ့ကိုသွားပြီးပြဿနာရှာတော့ သူနဲ့မတွေခဲ့ပေ သူ့အတွင်းရေးမှူးနဲ့သာတွေ့ခဲ့ရ၏ အတွင်းရေးမှူးပြောပြမှပြဿနာတွေရဲ့အစဟာ ကိုယ့်သားကြောင့်ဖြစ်မှန်းသိရလေသည်
"ကျစ်!အဲ့တော့အခုကဘာဖြစ်သွားလို့လဲ"
"အေး..အခုမင်းပထွေးလုပ်လိုက်တာ..ကုမ္ပဏီတွေအကုန်ဒေဝါလီခံရပြီကွ..ငါမင်းကိုပြောထားတယ်..သူ့ကိုသွားမထိဖို့..အခုတော့ကြည့်စမ်း..ဟိုကမကျေနပ်လို့လုပ်ချသွားတာ..ငါရှာဖွေထားသမျှအကုန်.သဲထဲရေသွန်ဖြစ်ကုန်ပြီ..အဲ့တာကိုရောမင်းသိရဲ့လား..စေတမာန်..မင်းပြောလေ..မင်း..မင်း..အ့"