Part (7)

1.2K 58 0
                                    


ရိပ်ထင်ထားခဲ့သည့်အတိုင်းပင် နောက်တစ်နေ့ သတင်းများထဲတွင် အသက်ငယ်ငယ်ဖြင့် အောင်မြင်မှု့များစွာရရှိထားသော လူငယ်လုပ်ငန်းရှင့်နှင့် သူ့၏ တွဲဖက်မိန်းကလေးတို့၏ ပုံရိပ်များဟာ ခေါင်းစဥ်အမျိုးမျိုးနှင့် နေရာယူနေလေသည် အမြဲတမ်းတစ်ယောက်တည်းသာပွဲတက်လေ့ရှိသောသူက အခုအခါအမျိုးသမီးတစ်ဦးအားလက်ချိတ်စေကာ ပွဲတက်ခဲ့သည့်အတွက် ထိုအကြောင်းဟာ လူများကြားတွင် ပြောစမှတ်တွင်စရာဖြစ်နေလေသည်

ထိုကိစ္စတို့အား မောင်ကဝန်ခံခြင်းလည်းမပြုခဲ့သလို ငြင်းဆန်တာမျိုးလည်းမရှိပေ

ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းဆိုသလို မောင်ဘာမှမဖြေရှင်းသည်က ဝန်ခံနေခြင်းပင်လား

လက်ထဲမှသတင်းစာအား သေသေချာချာခေါက်လိုက်ကာ စားပွဲခုံပေါ်သို့ သပ်ရပ်စွာတင်လိုက်သည် ရိပ်ဆိုဖာပေါ်ထိုင်နေရာမှ ထရပ်လိုက်ပြီး ဧည့်ခန်းထဲကအထွက် ကြီးကြီးထားနှင့် အလုပ်သမားကောင်မလေးတချို့ မျက်နှာများညှိုးငယ်ကာ ရိပ်အားကြည့်နေကြသည်

သူတို့အမြင်မှာ ရိပ်ဟာသိပ်သနားစရာကောင်းနေပြီလား

သူတို့ရှိရာဘက် တစ်ချက်ပြုံးပြလျှက် အိမ်ပေါ်ထပ်သို့တက်မည်အပြု

"သားရိပ် သားမုန်းက...."

"ကြီးကြီး ကျွန်တော် နားချင်ပြီ"

ကြီးကြီးဆက်ပြောမည့်စကားတို့အား နားထောင်ချင်စိတ်မရှိတော့သဖြင့် ရိပ်ဖြတ်ပြောလိုက်သည်

သူတကယ်လည်း ပင်ပန်းနေပြီဖြစ်သည်

ကြီးကြီးထားလည်း နားလွယ်သူမို့ ရိပ်အားဆက်မပြောတော့ပဲ ရိပ်အလိုကျသာ နားစေလိုက်သည်

"အင်းပါ သားရိပ်နားလိုက်တော့နော် လိုတာရှိရင်ကြီးကြီးကိုပြော"

"ဟုတ်ကဲ့ ကျေးဇူးပါ ကြီးကြီး"

အပေါ်သို့တက်သွားလေသော သူ၏ကျောပြင်အားကြည့်ပြီး ဒေါ်ထားသက်ပြင်းသာချမိသည်

သားမုန်းတစ်ယောက် ဘာတွေလျှောက်လုပ်နေလဲမသိပေ

ကုတင်ပေါ်သို့ လှဲချလိုက်တာနဲ့ မျက်ရည်တို့ကစီးကျလာလေသည် မျက်ရည်တွေကလည်းမကုန်နိုင်သေးဘူးထင်ပါရဲ့

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now