ဒီနေ့တော့ မနေ့ကမရောက်ဖြစ်လိုက်တဲ့ မောင့်ကုမ္ပဏီသို့ရောက်လာလေသည် မောင်ကရိပ်ရဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ထားကာ ကားကိုလည်းသူကိုယ်တိုင်မောင်းလေသည် မထင်ရင်မထင်သလို ရိပ်လက်ခုံအားလာနမ်းသောမောင့်ကြောင့် ရင်တွေဗြောင်းဆန်ရသည်က ရိပ်သာကုမ္ပဏီကိုရောက်တော့လည်း ကားတံခါးကိုဖွင့်ပေး၍ ရိပ်အားဆင်းစေပြီး ရိပ်လက်ကိုဆုပ်ကိုင်ကာ ရုံးခန်းအထိခေါ်သွားလေသည် ဝန်ထမ်းတွေကလည်း ရိပ်တို့နှစ်ယောက်အား အထူးအဆန်းဖြင့်လိုက်ကြည့်နေသည် မောင့်ကုမ္ပဏီကိုရောက်ဖူးတာ ရိပ်အတွက်ပထမဆုံးအကြိမ်ပင် USမှာပဲမွေးပြီးUSမှာပဲကြီးပြင်းလာတဲ့ရိပ်အဖို့ မြန်မာပြည်နှင့်စိမ်းသက်နေလေသည် မောင်နဲ့လက်ထပ်ပြီးတာတောင် အိမ်ထဲတွင်ပဲနေခဲ့ရသောကြောင့် ဘယ်နေရာမှမသွားတတ်မလာတတ်ပေ
ရိပ်တို့ကုမ္ပဏီရောက်တော့ ရိပ်တို့ကားအနောက်မှလိုက်လာသော ကားတန်းကြီးက ကုမ္ပဏီရှေ့တွင် အသီးသီးထိုးရပ်ကြသည် အထူးအဆန်းနှင့်ကြည့်နေသောရိပ်အား မောင်က သူရဲ့bodyguardတွေဟူ၍ရှင်းပြလေသည် ဒီလောက်များတဲ့လူတွေကိုရိပ်တစ်ခါမှမမြင်ဖူးပါ ရိပ်တို့အိမ်ကစထွက်ကတည်းကလိုက်လာသည်ဆိုတော့ အိမ်မှာပဲနေတာများလား ဒါပေမယ့်လူတွေကဒီလောက်များတာ အိမ်မှာနေတာဆိုရင် ရိပ်တွေ့ဖူးရမှာပေါ့
ရုံးခန်းထဲရောက်တော့ မောင်ကအလုပ်စားပွဲမှာထိုင်ပြီးအလုပ်လုပ်လေသည် ရိပ်ကိုသူ့နားမှာလာထိုင်ရန်ခေါ်ပေမယ့် မောင့်ကိုအနှောင့်အယှက်ဖြစ်မှာဆိုးလို့ မသွားဘဲမောင့်ရုံးခန်းကိုအနည်းငယ်ပတ်ကြည့်ပြီးနောက် အခန်းအလယ်ရှိ ဆိုဖာပေါ်တွင်သာထိုင်ပြီး အလုပ်စားပွဲမှမောင့်အားငေးနေလိုက်သည်
ရိပ်ရဲ့မောင်ကသိပ်ခန့်ညားလွန်းသည် အလုပ်လုပ်နေသည့်ပုံစံနှင့်မောင်ကသိပ်ကိုလိုက်ဖက်လွန်းပါသည် တစ်ခုခုကိုအာရုံစိုက်ပြီဆိုစူးရဲသွားသည့်မောင့်မျက်ဝန်းတို့အား ရိပ်သဘောကျသည် ထိုမျက်ဝန်းဆီမှအကြည့်များကိုတော့ ရိပ်ခံနိုင်ရည်မရှိပါ
မောင့်ကိုငေးနေရင်း ရိပ်အာရုံထဲအတွေးတစ်ခုက ဖျက်ကနဲပေါ်လာလေသည်
![](https://img.wattpad.com/cover/306089413-288-k541843.jpg)