"ယောက်ျားရေ.......!!!"
"ယောက်ျားလာပြီ...အချစ်!!"
အပေါ်မှအသံစူးစူးလေးနှင့် အော်ခေါ်လာသည်မို့ မုန်းပြောလက်စဖုန်းအားချကာ မုန့်ထုပ်တွေယူ၍ အပေါ်သို့ပြေးရ၏
"ယောက်ျားလာပြီနော်...ဒီမှာ"
ကြမ်းပြင်ပေါ်တွင်ထိုင်နေသော ရိပ်ကြောင့် မုန်းလည်း ရိပ်ရှေ့တွင်ဝင်ထိုင်လိုက်ကာ လက်ထဲမှမုန့်ထုပ်များအား ရိပ်ထံသို့ပေးလိုက်လေသည်
"ယောက်ျားကလည်းကြာလိုက်တာ...ငါကယောက်ျားမရှိတော့တစ်ယောက်တည်းကြောက်နေတာ"
"ယောက်ျားနောက်တစ်ခါဆိုမကြာစေရဘူးနော်...လာပါဦး..ယောက်ျားရဲ့အချစ်လေးအရမ်းကြောက်သွားတာလား"
"အင်း..အရမ်းကြောက်နေတာယောက်ျား"
မုန်းခါးအားဖက်ကာ ရင်ခွင်ထဲဝင်ကာ ခပ်ချွဲချွဲပြောလာသည့်သူကြောင့် မုန်းမှာအသဲတယားယားနှင့် နေ့လည်ခင်းပဲရှိသေးသည်ကို အမူအရာပိုကာ ကပ်ချွဲနေသည်ပင်
"ယောက်ျား"
"ဗျာ~"
"ကြမ်းပြင်ပေါ်မှထိုင်နေတာ ကြာသွားလို့လားမသိဘူး ခြေထောက်တွေကလည်းထုံနေတယ်သိလား"
ခြေထောက်လေးအား လက်ဖြင့်ထုကာ မုန်းအား နှုတ်ခမ်းလေးဆူ၍ပြောလာလေသည်
"ဟုတ်လား..ခြေထောက်လေးတွေမထုံရအောင်..ယောက်ျားကနှိပ်ပေးမှာပေါ့...လာကုတင်ပေါ်မှာထိုင်..ယောက်ျားနှိပ်ပေးမယ်"
"ဟုတ်"
ချိုင်းကနေမချီကာ ကုတင်ပေါ်တင်ပေးတော့ ညအိပ်ဝတ်စုံနှင့်ကောင်လေးက ကုတင်ပေါ်တွင်ပုံ့ပုံ့ကလေးထိုင်သည်
စီးထားသည့် အိမ်တွင်းစီးဖိနပ်ကိုချွတ်လိုက်တော့ ဖြုအုနေသည့် ခြေဖမိုးနှစ်ဖက်က သွေးကြောစိမ်းလေးများယှက်ဖြာလျှက် နီနီရဲရဲခြေချောင်းလေးများက ကိုက်စားချင်စရာ ခြေထောက်ပေမယ့် ခြေထောက်ဟုတောင်ထင်ရက်စရာမရှိပေ
ခြေဖဝါးလေးအား ဆုပ်ကာနှိပ်ပေးတော့ ရယ်သံလေးထွက်လာလေသည်
"ခိခိ..ယောက်ျား..ယားတယ်"
"ဘယ်နားယားတယ်လဲ...ဒီနားလေးကလား"