ကောင်းကင်တစ်ခုလုံးအုံ့မှိုင်းကာ မိုးစက်မိုးပေါက်များရွာသွန်းနေလျှက်ရှိသည် ပြတင်းပေါက်ဘေးတွင် ထိုင်ကာ မိုးရွာသွန်းနေပုံကို တွေတွေလေးထိုင်ငေးကြည့်နေမိသည် ပြတင်းမှန်တံခါးနှင့် မိုးစက်တို့ထိတွေ့ရာမှ ပေါ်လာသောအသံတို့က ရိပ်အားချော့သိပ်နေသလို မျက်ခွံတို့လေးလံလာလေသည် ကိုယ်ပေါ်တွင်ခြုံထားသောစောင်အား ခေါင်းအထိလုံအောင်ခြုံပြီးထရပ်လိုက်ပြီးနောက် ကုတင်ဆီသို့ဦးတည်လိုက်လေသည် သူများတွေလို မိုးရွာရင် coffeeပူပူလေးတစ်ခွက်နှင့် ထိုင်feelနေတာမျိုး ရိပ်တွင်မရှိပါ မိုးရွာလျှင် အိပ်ဖို့သာအားသန်သည်
ဘာမှလုပ်စရာမရှိလေတော့ပိုဆိုးသည် တစ်နေ့တစ်နေ့ မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးရင် မောင်နဲ့အတူ မနက်စာစား နေ့ခင်းထမင်းစားချိန်ရောက်ရင်ထမင်းစား အပေါ်ထပ်နှင့်အောက်ထပ် ခေါက်တုန့်ခေါက်ပြန့်လမ်းလျှောက်လိုက် TVကြည့်လိုက် ဖုန်းသုံးလိုက် မုန့်စားချင်ရင် ရေခဲသေတ္တာကိုမွှေနှောက်လိုက် ပျင်းရင်ခြံထဲဆင်းကာ ဟိုသစ်ပင်အောက်ဝင်လှဲ ဒီသစ်ပင်အောက်ဝင်လှဲနှင့်ပင် ညနေစာစားချိန်ဆိုစား ပြီးရင်မောင်ပြန်လာတာကိုထိုင်စောင့် ထိုသို့ဖြင့်တစ်နေ့တာပြီးဆုံးရသည် မောင်နှင့်လက်မထပ်ခင်တုန်းကဆို ရိပ်အလုပ်နှင့် ရိပ်မို့ ပျင်းဖို့အချိန်တောင်မရပေ မနက်မိုးလင်းအလုပ်နဲ့မျက်နှာသစ်ပြီး ညအိပ်လျှင်အလုပ်နဲ့သာဖက်ရသည်ပင် ထိုကဲ့သို့လုပ်ခဲ့သူက ယခုလိုနေရတာကြာတော့ မနေနိုင်ပေ မောင်ကလည်းအလုပ်ကိုပေးမလုပ်သည့်အပြင် အပြင်တောင်မထွက်ခိုင်းအိမ်ထဲတွင်သာနေစေသည် ကြာလာတော့မွန်းကြပ်ပေမယ့် မောင့်မျက်နှာမြင်ရသောကြောင့် ဘယ်ဝေဒနာ မဆိုကြက်ပျောက်ဌက်ပျောက် မောင်ကရိပ်ရဲ့ အားဆေးလေးပင်
အခုဆိုမောင်ခရီးထွက်သွားတာ သုံးရက်တောင်ကြာနေပြီဖြစ်သည် ဘယ်ကိုသွားတာလဲမသိသလို ဘယ်နေ့ပြန်လာမယ်မှန်းလည်းမသိရပါ မောင်ခရီးထွက်သွားသည်ကိုတောင် ကြီးကြီးထားပြောလို့သိရသည်ပင် မောင်ကရိပ်ကိုဆို ရှိသည်လို့တောင်မထင် အနည်းဆုံးတော့ ရိပ်ကိုပြောသွားသင့်သည်ပင် ဘယ်လောက်ပဲ အရေးမပါဘူးဟုသတ်မှတ်ထားပါစေ အသိလေးတော့ပေးသွားသင့်သည် ရိပ်မှာအရင်လိုမောင်မျက်နှာကိုမမြင်ရတော့ နေမထိထိုင်မသာနှင့် စိတ်နှင့်ကိုယ်ပင်မကပ်ချင် ထမင်းကိုတောင် အချိန်မှန်ထမစားဖြစ်တော့ အချိန်ပြည့် အခန်းတွင်းသာအောင်းနေလေသည်